Chapter - 17

332 16 0
                                    

Giyan မျက်ရည်လည်ဆွဲဖြင့်သာ သူ့တိုက်ခန်းသို့ပြန်ရောက်လာခဲ့သည်

" fuck...အဆိုးဆုံးနေ့ဘဲ... "

Giyan မျက်ရည်များသုတ်ပစ်ကာမကျေမနပ်လေသံဖြင့် ဆဲဆိုလိုက်ခြင်းပင်။

သူ့အခန်းထဲမရောက်ခင် အခန်းရှေ့၌စောင့်ဆိုင်းနေသော Noah အားရုတ်တရတ်တွေ့လိုက်ရသည်

" ဟေးး....Gi..yan "

" ဟိုင်း..... "

" ဒီနေ့မင်းမိဘတွေဆီမှာဘဲနေမယ်လို့ငါထင်နေတာ.. "

" မနေဘူး..ငါမနက်ဖြန် cafe ဖွင့်ရအုံးမှာမို့.. "

" မင်းဘာဖြစ်လာတာလဲ? "
*သူငိုထားတာဘဲ*

" ဟမ်...ဘာမှမဖြစ်ပါဘူး... "

" ငါ စည်းကျော်မိလို့တောင်းပန်ပါတယ်.. "

" ဘာကို..? "

Noah တောင်းပန်ပြီးချင်း Giyan လက်ကိုလှမ်းဆွဲကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်

" N..Noah... "

" အဆင်ပြေပါတယ်...အားလုံးအဆင်ပြေသွားမှာ..ငါ့အမေကငါအဆင်မပြေတဲ့အချိန်တွေဆို
ဒီလိုမျိုးဖက်ပေးခဲ့တာ..မင်းငိုလို့ရပါတယ်..ဒါကဆိုးတဲ့အရာတစ်ခုမှမဟုတ်တာ... "

" Noah...ငါအဆင်ပြေပါတယ်.. "

အပြောနှင့်အလုပ်တခြားစီဖြစ်နေသော Giyan..

အဆင်ပြေသည်ဟူပြောနေသော်လည်း မသိစိတ်က Noah အားတင်းတင်းဖက်ထားကာ သူ့ရင်ခွင်ထဲ၌ ကလေးတစ်ယောက်လိုငိုမိနေသည်

" မင်းငါနဲ့အတူပန်းခြံမှာခဏလောက်ထိုင်ချင်လား..? "

" အင်း... "

Giyan ရှိုက်သံလေးဖြင့် Noah စကားကိုသဘောတူလိုက်တယ်
နှစ်ယောက်သား တိုက်ခန်းနားပန်းခြံသို့လမ်းလျှောက်ခဲ့ကြပြီး ခုံတန်းရှည်တစ်ခုမှာ ထိုင်လိုက်ကြသည်

" မင်းငါ့ကိုဘယ်အရာကိုမှရှင်းပြစရမလိုပါဘူး Giyan...ဒီတိုင်းပေါ့ပေါ့ပါးပါးဘဲနေပါ.. "

" ကျေးဇူးပါ ငါအခုအဆင်ပြေနေပါပြီ..ငါနည်းနည်းပင်ပန်းသွားတာနေမယ်.. "

" မင်းအဆင်​ပြေရင်ငါ့အပေါ်မှီနေလို့ရပါတယ်...
မင်းလိုအပ်ရင်...ငါဒီမှာရှိနေပါတယ်... "

အပြစ်ရှိသော 'ရမ္မက်' Where stories live. Discover now