နောက်တစ်နေ့ နံနက်ခင်း ~
" ငါညကကောင်းကောင်းမအိပ်ခဲ့ရဘူး...ဒါတွေအားလုံးသူ့ကြောင့်ဘဲ...ခွေးမသား Levi...💢 "
Giyan အိပ်ရေးမဝစွာဖြင့် နိုးထလာခဲ့လေသည်
Cafe ထဲတွင် ~
" ခွင့်ပြုပါ... Mr. Giyan Jones? "
" အာ.. Boss က မီးဖိုချောင်ထဲမှာ...ဒီမှာခဏ
စောင့်နေပေးပါ..."Andy ခပ်မြန်မြန်ပင် မီးဖိုချောင်သို့ဝင်လာကာ
Giyan ကိုခေါ်လိုက်သည်" Hello...ကျွန်တော်က John Lee ပါ... ကျွန်တော်က Right group - CEO Levi ရဲ့ အတွင်းရေးမှူးပါ "
" ဘာလိုချင်လို့ဒီကိုလာတာလဲ? "
Giyan အနည်းငယ်တင်းမာသောအသံဖြင့်သာ မေးလိုက်သည်
" အမှန်တော့ ကျွန်တော့်တို့နောက်တစ်ပတ်မှာ party တစ်ခုလုပ်ဖို့ပြင်ဆင်နေကြတာပါ....
အဲ့ဒါကြောင့်မို့ CEO Levi က ကိတ်မုန့်နဲ့တခြားချိုတဲ့မုန့်တွေကို ဒီက order မှာလို့ရမလားဆိုတာမေးခိုင်းလို့ပါ "" 💢...အရမ်းဘဲဝမ်းနည်းမိပါတယ် ကျွန်တော်တို့
ဒီလိုကြီးမားတဲ့ပွဲတွေအတွက် order လုံးဝလက်မခံလို့ပါ... "Giyan မစဥ်းစားဘဲ Levi နာမည်ကြားသည်နှင့်တန်းငြင်းလိုက်သည် ထိုစဥ် ဖုန်းဝင်လာ၏
" Lexus..? "
" Giyan...ငါတို့ company ကအတွင်းရေးမှူးတစ်ယောက်ကိုမင်းဆီလွှတ်လိုက်တယ်..သူတို့ကိုကူညီပေးလိုက်ပါ...ဒါက မင်းရဲ့ ဆိုင်အတွက်လဲကောင်းပါတယ်.. "
Giyan အကျပ်အတည်းထဲရောက်လေပြီ... Levi သူငြင်းမည်ဆိုတာကြိုသိသောကြောင့် Lexus ကိုပြောခိုင်းခြင်းဆိုတာ သူသိလိုက်သည်
*Shitttt
" ဟုတ်..ကျွန်တော်ကူညီပေးမှာပါ Lexus ... "" ok...ဒါဆို ဒါဘဲနော် "
Lexus နှုတ်ဆက်က ဖုန်းချသွားလေသည်
*သူအခု Director ကို Lexus လို့ခေါ်လိုက်တာလား?... သူ Director ရဲ့နာမည်ကိုဒီတိုင်း နာမည်ဘဲတပ်ခေါ်လို့ရတယ်လား?... ဒီကောင်လေးကဘယ်သူလဲ?.. Director ရဲ့တရားမဝင်သားများလား? ... *
Giyan ကိုသေချာကြည့်ကာ John အတွေးများစွာဖြင့် အကဲဖြတ်နေလေ၏ ။
YOU ARE READING
အပြစ်ရှိသော 'ရမ္မက်'
Romance( warning contents 🔞 ) ရိုင်းစိုင်းသော စကားလုံးများပါဝင်တာကြောင့် မကြိုက်တဲ့သူဆို လုံးဝ ဝင်မဖတ်မိဖို့ အကြံပေးပါရစေဗျာ 🙏 Type - BL ( 18++ )