" အိုးး မင်းတို့တွေကအချင်းချင်းသိနေတာလား? ဘယ်တုန်းကလဲ? "
Naomi ကအံ့သြဟန်ဖြင့် မေးလိုက်ခြင်း။
" ဟုတ်တယ်..ကျွန်တော်တို့က အထက်တန်း
ကျောင်းမှာတုန်းက အတန်းဖော်တွေလေ အခုလဲ
အိမ်နီးချင်းတွေပေါ့ "Giyan က ခပ်သွက်သွက်ရှင်းပြလိုက်သည်။
" ငါမင်းကိုစောစောမပြောဘဲ..လျှို့ဝှက်ချက်တစ်ခုလိုသိမ်းထားခဲ့မိတာ တောင်းပန်ပါတယ်.. ငါကမင်းအံ့သြသွားအောင်လုပ်ချင်လို့ပါ "
Noah ကအစထဲကအရာအားလုံးကြိုသိထားသောကြောင့် Giyan အားတောင်းပန်စကားဆိုလိုက်၏။
" Noah...ငါမင်းကိုနောက်ဆုံးတစ်ကြိမ်တွေ့တုန်းက..မင်းကငယ်ငယ်သေးသေးလေးဘဲရှိသေးတယ်.. "
" သူကကျွန်မတို့ရဲ့သားတစ်ယောက်လိုပါဘဲ "
Susan ကပြောရင်း Noah ခေါင်းလေးအားသာသာလေးပုတ်လိုက်သည်။
" ဟားး..ကျွန်တော်က Giyan အထင်ကြီးအောင်လို့ လူကြီးဆန်ဆန်လေး style ထုတ်လာတာကို "
" အန်??? " Noah စကားကြောင့် Giyan အနည်းငယ်တုန်လှုပ်သွားမိ!
" ဟိုးး သူကမင်းရဲ့ type လို့တော့မပြောနဲ့နော် Noah.. "
Naomi က စနောက်ကာ မျက်စတစ်ချက်ပစ်ပြလိုက်၏
" အသေအချာဘဲလေ.. "
Noah ကလဲကျေနပ်ဟန်ဖြင့်ပြုံးရယ်ကာတုံ့ပြန်လိုက်သည်။
" မင်းတို့တွေ ဘာ..ဘာအကြောင်းပြောနေကြတာလဲ.. "
Giyan မျက်နှာလေးနီမြန်းကာ သူ့အပေါ်စနောက်နေသောထိုမောင်နှမနှစ်ယောက်အား မျက်နှာလွှဲထားမိသည်
" ဘာဖြစ်လို့လဲ..မင်းကယောကျာ်းလေးတွေကိုစိတ်ဝင်စားတယ်မဟုတ်လား? "
" ဟုတ်တယ်မလား? "
Hannah ကသူ့တစ်ဦးထဲသောသားလေးအကြောင်းကိုသိပြီးသားပင်။ Hannah စကားကို Lexus ကလဲဝင်ထောက်ခံလိုက်သည်။
" ဘယ်..ဘယ်လိုသိကြတာလဲ? "
" ငါကမင်းရဲ့အမေလေ အရူးလေးရဲ့..
ပြီးတော့မင်းငါ့ကို တစ်ခါဝန်ခံဖူးတယ်လေ..
မှတ်မိလား.. "
YOU ARE READING
အပြစ်ရှိသော 'ရမ္မက်'
Romance( warning contents 🔞 ) ရိုင်းစိုင်းသော စကားလုံးများပါဝင်တာကြောင့် မကြိုက်တဲ့သူဆို လုံးဝ ဝင်မဖတ်မိဖို့ အကြံပေးပါရစေဗျာ 🙏 Type - BL ( 18++ )