Part 1❤

126 4 0
                                    


တက္ကသိုလ်ရောက်ရင်...ကိုကိုတွေ ​မောင်လေးတွေ...ပေါမှပေါ့တဲ့...
State ကျောင်းသားဘဝ မှာလဲ ရည်းစားထားခဲ့ပေမယ့်...စိတ်မှမပါခဲ့တာ...
ဟိုက...ဖက်ချင် နမ်းချင်ကြတာနဲ့...
ကိုယ်က...လက်လေးကိုင်တာတောင် တွ့န့်တိုနေမိတာ...ဘယ်လိုပြောရမလဲ...စိတ်ပါမနေဘူးရယ်...
ကိုယ့်ကိုယ်ကြွားတာတောမဟုဘူးပေါ့နော်...အဟက်...ကိုယ့်ရုပ်ရည်က မိန်းခလေးတွေလဲ ကြွေကြတာနော်...
အဲ့လို ဆော်ကြည်ခံရတာကိုဘဲ....ပျော်နေမိတာ...😂
တစ်ခါတစ်လေ ကိုယ့်စိတ်ကို... နားလည်ရခက်မိတယ်...မိန်းခလေးချင်ချင်းများ...
စိတ်ဝင်စားတဲ့သူလားလို့...

သေရှာတာပေါ့...ကိုယ်က lesbian တစ်ယောက်ဆိုတာကို....တက္ကသိုလ်ရောက်လို့
သူ့ကို မြင်မြင်ချင်းမှာဘဲ...သိလိုက်ရတယ်.......

ကိုယ်က Botany first year ...
သူကတော့...Zool ...Final
year က တဲ့လေ...ကိုယ့်ထက် သုံးနှစ်ကြီးတဲ့
မ ပေါ့...ဒါမယ့် မ လို့ မခေါ်ချင်ပါဘူး....
သူ့နာမည်လေး...." ခိုင်" ဆိုတာကို ပိုသဘောကျတယ်...
မြင်မြင်ချင်းချစ်မ်ိတယ် ဆိုတာ ဒါမျိူးပြောတာပေါ့...

======
တက္ကသိုလ် စ ဖွင့်တဲ့နေ့မို့...ကျောင်းလာအပ်တဲ့သူနဲ့...အခန်းရှာနေကြတဲ့သူတွေ...လမ်းမှာ ကျောင်းသားတွေ ပြည့်ကျပ်လို့နေတယ်...

ကျောင်းမဖွင့်ခင်ကတည်းက မြန်မြန်အပ်ထားလိုက်လို့သာပေါ့...မဟုရင်...ဒီလူအုပ်ကြီးထဲ ဝင်နေရမှာ...စိတ်ပျက်စရာ...

မေ တို့ကလေ...လူရှုပ်တဲ့နေရာတွေဆို ဝေးဝေးရှောင်တာ...ကားစီးရတာလဲမုန်းတယ်...

ဆိုင်ကယ်စီးရတာ ဆိုရင် အသေကြိုက်တာ
အိမ်က ပါးပါး ... ဆိုင်ကယ်ဝယ်ပေးထားလို့သာပေါ့.....
ဝယ်ပေးတုန်းက ဘာပြောတယ်မှတ်လဲ...
အိမ်ကပ်တော့မှာမဟုဘူးတဲ့...😆
အိမ်ကိုလဲ မပိုင်သလို အိမ်ကလဲ မပိုင်တဲ့သူပါ
အဲ့ဒါ...ကျမလေ...😉

ကျမ လို အိမ်မနိုင်တဲ့သူလေးတွေလဲ ရှိပါသေးတယ်...
ကျမရဲ့ မျောက်လွဲကျော်တွေပေါ့...
ငယ်ပေါင်းတွေဆိုလဲ မမှား....
မေဂျာလဲ အတူတူ...အတူသွားအတူလာ...
သုံးယောက်ပေါင်းလောင်းကျော်မဟုဘူးနော်...လေးယောက်ပေါင်းလောင်းကျော်😁
Gp နာမည်တောင်ဘာတဲ့...
Fa $ချောကြီးများ တဲ့...😎

ချစ်ရတဲ့ "ခိုင်❤"Where stories live. Discover now