ညီမသို့...(အပိုင်း၂)

286 3 0
                                    

" သားရီး ရှေ့မှာပစ်ပစ် "

" ဟာ မင်းကကပ်မလိုက်နဲ့လေ နှစ်ယောက်လုံးသေမှာပေါ့ဟ "

" သေရင် နောက်တစ်ပွဲပြန်စမယ်ကွာ "

" ဒီတစ်ခါ အရင်သေတဲ့ကောင် ပိုက်​ဆံရှင်းကြေးနော် "

" မရဘူး သားရီး ဆေးလိပ်ဖိုးပါရှင်းရမယ် "

" Ok လေ စမယ် "

မနက်စောစော ဆိုင်ဖွင့်ခါစ ရှိသေးတယ် ကျောင်းပိတ်တော့ လူငယ်တွေဆိုင်မှာ ဂိမ်းလာဆော့ကြတယ်...အင်တာနက်ဆိုင်ဆိုပေမယ့် ကျွန်တော့်ဆိုင်လေးမှာ ဂိမ်းဆော့တဲ့သူလဲဆော့ VZO Chat တဲ့သူက Chat Gtalk သုံးတဲ့သူကသုံးနဲ့ လူကြီးလူငယ် အရွယ်မရွေးလူစုံလာကြတယ်...

မိန်းကလေး လာသုံးသူကအရမ်းနည်းပေမယ့် ကျောင်းပိတ်ရက်နဲ့ အလုပ်နားရက်တွေမှာဆိုဆိုင်လေးက လူစည်ကားစွာရှိနေပါတယ် မနက်ခင်းမှာ Coffee လေးသောက်မှ​ နေသာထိုင်သာရှိတတ်တဲ့ကျွန်တော်က အကျင့်တစ်ခုလို​ဖြစ်နေတော့ Coffee သောက်ရင်း မနေ့ကတွေ့ခဲ့တဲ့ သူမအကြောင်းကိုတွေးနေမိတယ်... သူမဘယ်မှာနေတာလဲ ဘာအလုပ်လုပ်တာလဲ ဘယ်ကျောင်းတက်တာလဲ ဆိုတဲ့အတွေးမျိုးပေါ့...

ကျွန်တော်သူမကို ငယ်ငယ်လေးကတည်းကမြင်ဖူးပါတယ် သူမကိုလည်း ခဏခဏတွေ့ဖူးပါတယ် ဝန်ခံရရင် သူမငယ်စဥ်ကတည်းက ကျွန်တော်ရင်ခုန်မိခဲ့တာပါ မျက်နှာဝိုင်းဝိုင်းအသားညိုညို အဖြူအစိမ်းနဲ့သူမ မျက်နှာလေးကို အခုထိမြင်ယောင်မိနေတုန်း...

" အကို... အကို... အကို "

ဆိုပြီး နားထဲကခေါ်သံတွေကြားနေရတယ်
အဲ့တော့မှ စိတ်နဲ့လူနဲ့မကပ်မှန်းသိပြီး သတိပြန်ဝင်လာတယ်...

" အော်... အေး... ညီလေးပြော "

" ဟုတ်အကို ဘာတွေတွေးနေတာလဲဗျ ကျွန်တော်ခေါ်နေတာကြာပြီ "

" ဘာရယ်မဟုတ်ပါဘူးကွာ ဒီလိုပဲအလုပ်ကိစ္စလေးတွေတွေးမိနေတာပါ "

" ဟုတ်ရဲ့လားဗျ ကျွန်တော်တို့ကြားတာတော့ သူမဆိုလား ညီမ ဆိုလားပဲ ဒီကောင်ငပွတောင်ကြားတယ် "

ဆိုပြီး သူ့သူငယ်ချင်းကိုမှေးငေါ့ပြတယ်
သူ့သူငယ်ချင်းကလဲ

You've reached the end of published parts.

⏰ Last updated: Feb 17, 2023 ⏰

Add this story to your Library to get notified about new parts!

ညီမသို့...Where stories live. Discover now