အပိုင်း - ၂၀

3.6K 372 71
                                    

Unicode

"ကိုယ့်အခန်းကိုယ်ပြန်လေ။ ငါတို့ဆီမှာ ဘယ်လောက်တောင်သောင်တင်နေမှာလဲ"

တစ်ညနဲ့တစ်မနက်လေးနေမိတာကို တဗျစ်ဗျစ်တတောက်တောက်ပြောလို့မပြီးနိုင်သော သူငယ်ချင်းနှစ်ကောင်ကိုမျက်စောင်းထိုးလိုက်ပြီး လိုဂန့်ကုတင်ပေါ်မှာ ကားယားကြီးထိုင်ကာ ပါးစပ်ထဲအာလူးကြော်တွေအပြည့်ကြီးထည့်ချပစ်လိုက်တယ်။

ထယ်ယောင်းရဲ့ပါးနှစ်ဖက်ဟာ ၀က်ဝံငယ်တစ်ကောင်လိုဖောင်းကားနေတယ်။ မျက်ခုံးတန်းတွေကိုတွန့်ချိုးပြီး စိတ်ဆိုးမပြေသေးပုံ။

Rkive နဲ့လိုဂန်ဟာ တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ပြပြီး ထယ်ယောင်းအနား ခပ်မြန်မြန်တိုးကပ်လာကြတယ်။

"ပြန်တော့ အရူးရ။ တစ်ကယ်ဆို မင်းမှားတာအသိသာကြီးကို"

အာလူးကြော်လာနှိုက်စားတဲ့လိုဂန့်လက်ကိုဖြန်းခနဲ ရိုက်ချပစ်လိုက်ပြီး ....

"ရူးနေတာလား .. ငါကဘယ်မှာမှားတာလဲ။ သူအဲ့ကောင်မလေးကိုဖက်နေတာလေ။ ငါတင်မက library ထဲမှာရှိတဲ့လူတိုင်းမြင်တယ်"

ဒီအကြောင်းကိုပြန်စဉ်းစားတိုင်း နားထင်ထက်မှာ သွေးကြောလှိုင်းတွေထောင်တက်လာတဲ့အထိ ထယ်ယောင်းဟာဒေါသထွက်ရစမြဲ။

တံတိုင်းခတ်ထားတဲ့မာနတွေကိုသာဖယ်လိုက်ရင် ထယ်ယောင်းမှားတယ်ဆိုတာဟုတ်ပေမဲ့လည်း ဒါဟာ သ၀န်တိုလို့ဖြစ်ရတဲ့အမှား၊ အချစ်ကြောင့်စုံလုံးကန်းပြီးဖြစ်ရတဲ့အမှားလေးပါပဲ။

ဘေးက စားပွဲပေါ်မှာတင်ထားတဲ့ဖုန်းလေးကိုကိုင်ကြည့်ပြီး ထယ်ယောင်းရဲ့မျက်နှာလေးဟာ စပျစ်သီးခြောက်တစ်ခုပမာ ရှုံ့တွသွားရတယ်။ မျက်နှာပြင်တစ်ခုလုံးရစရာမရှိအောင် အက်ကွဲသွားတဲ့ဖုန်းလေးဟာ ဒေါသ‌တွေရဲ့ အဖျားရိုက်ခတ်မှုကြောင့်သာ။

အခုတော့ ဘယ်ဖုန်းမှသုံးစရာမရှိတော့။ ဒေါသထွက်လာရင် ဘာကိုမှမမြင်တတ်တော့တဲ့အကျင့်ဆိုးကြီးက ထယ်ယောင်းဆီမှာစွဲကပ်နေတယ်။ စကားလုံးကြမ်းကြမ်းတွေထွက်မလာအောင်လုပ်ချင်ပေမဲ့လည်း ထယ်ယောင်းဟာ အခုထိ ထိန်းချုပ်ခြင်းအရာကို မတက်မြောက်နိုင်သေး။

Selenophile (Complete)Where stories live. Discover now