Part 18(Unicode)

1.1K 114 10
                                    

"မရဘူး မရဘူး...ငါလက်မခံနိုင်ဘူး ရောင်နီ။
ငါ့သားကို ထိုးကြိတ်ထားတဲ့ကောင်ကို ငါက
အိမ်ပေါ်တင်ဖို့အထိ သဘောထားကြီးရမယ်ပေါ့။
နင် စဥ်းစဥ်းစားစားလည်းပြောပါဦး"

"မဟုတ်သေးဘူးလေ မမရာ။ အဲ့ကိစ္စက ပြီးသွားတာကြာပြီပဲဟာ။ ဖြစ်တုန်းကလည်း နှစ်ဖက်အပြိုင်ဖြစ်ကြတာလေ။ အဲ့ကောင်လေးကလည်း သူ့အမှားသူသိလို့ ထွန်းတောက်ကို ပြန်တောင်းပန်ပြီးပြီ။ ကလေးချင်းက အဆင်ပြေနေပြီ။ မမသာ လူကြီးတစ်ယောက်အနေနဲ့ စိတ်လျှော့ပေးလိုက်ဖို့ပဲလိုတယ်"

"ဟဲ့..မလျှော့နိုင်ဘူး။ နင်စိတ်မပူပေမယ့် ငါစိတ်ပူတယ် ရောင်နီရဲ့ ။ ငါ့သား တစ်ခုခုထပ်ဖြစ်ရင် ဘယ်လိုလုပ်မှာလဲ။ အဖော်ရတာ၊မရတာထား...မဟုတ်တရုတ်တွေတတ်လာရင် နင်တာဝန်ယူမှာလား။ ငါကတော့ ငါ့သားကို သူနဲ့ အနေအထားချင်းတူတဲ့သူတွေနဲ့ပဲ ပိုပေါင်းစေချင်တယ်"

"ဒါဆို ကျောင်းမှာကျတော့ရော...။ ကျောင်းမှာလည်း ထွန်းတောက်က မမမျက်စိရှေ့ရှိနေရတာ မဟုတ်ဘူးလေ။ မမ ပေါင်းစေချင်တဲ့ အနေအထားတူ ကလေးတွေကရော မဟုတ်တရုတ်တွေ တတ်မနေဘူးလို့ အာမခံနိုင်လို့လား။ ပြီးတော့ မမသားကိုရော မမ မယုံဘူးလား။ သူသာ ဆိုးတဲ့ကလေးတစ်ယောက်ဆိုရင် မမ အစောကြီးကတည်းက ဒူးနဲ့မျက်ရည်သုတ်နေရလောက်ပြီ။ ထွန်းတောက်က သူ့စိတ်သူထိန်းနိုင်တယ်။ ဘာစိတ်ပူစရာရှိလို့လဲ။ အိမ်မှာဆို မမတို့၊ကျွန်တော်တို့မျက်စိအောက်တင်ပဲလေ"

"နင် စကားကိုကတ်မပြောနဲ့ ရောင်နီ။ နင်ပြောသလို
ကျောင်းရောက်သွားရင် ငါ့သားက ငါ့မျက်စိရှေ့ မရှိတော့ပေမယ့် သူပေါင်းတဲ့ကလေး​မိဘတွေက ထွန်းတောက် မူလတန်းကျောင်းသားအရွယ်ကတည်းက ငါနဲ့သိပြီးသားတွေ...။ သူတို့ကလေးတွေအကုန်လုံးကလည်း ပညာတတ်လူချမ်းသာမျိုးရိုးတွေကချည်းပဲမို့ ငါ့သားကို
ငါ နည်းနည်းလေးမှစိတ်မပူဘူး။ နင်ထောက်ခံပေးနေတဲ့ ကောင်လေးကိုလည်းကြည့်လေ။ ဘယ်မလဲ သူ့မိဘ...။ ရုံးရောက်တာတောင် ရောက်မလာနိုင်ဘဲ မိဘအုပ်ထိန်းမှု ကင်းမဲ့နေတဲ့ အခြေမဲ့၊အနေမဲ့တစ်ယောက်ကို ငါဘယ်လိုစိတ်နဲ့ လက်ခံရမလဲ။ နင်စဥ်းစားကြည့်ပါဦး"

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)حيث تعيش القصص. اكتشف الآن