Part 30(Unicode)

1.2K 119 6
                                    

ပန်ဒိုရာဆေးရုံ...

လူချမ်းသာတွေကိုသာ ဝင်ထွက်ခွင့်ပြုသော ထိုနေရာ...။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်က သူတို့ကို ခွေးလိုဝက်လို မောင်းထုတ်ခဲ့တဲ့ လူ့အညစ်အပတ်တွေ ရှင်သန်ခဲ့ရာနယ်မြေ။ ဆေးရုံကြီးနဲ့ လမ်းမကို ပိုင်းခြားထားတဲ့ စည်းရိုးကိုပင် ဖြတ်ခွင့်မရခဲ့ဘဲ ထိုဆေးရုံရဲ့ရှေ့မှာပဲ ညှိုးငယ်စွာ အသက်ပေးခဲ့ရတဲ့ သူ့အမေ...။

အတိတ်တွေဟာ အိုဟောင်းခဲ့သော်လည်း
နာကျင်မှုကတော့ လတ်လတ်ဆတ်ဆတ်။
အစီအစဥ်မကျတဲ့ ပုံရိပ်တွေ တစ်ခုပြီးတစ်ခုပေါ်လာတော့ မျက်လုံးတွေကိုသာ သူမှိတ်ထားလိုက်တော့သည်။ ခင်ယွန်းသက်ရဲ့ ကားအပြာလေးကတော့ အတားအဆီးတစ်ခုပင် မကြုံတွေ့ခဲ့ရဘဲ
ဆေးရုံဝန်းထဲသို့ အောင်မြင်စွာ ဝင်ရောက်ခွင့်ရခဲ့သည်။

"ခင်ယွန်း...."

သူတို့ဆေးရုံထဲကိုရောက်ရောက်ချင်း အမျိုးသမီးငယ်တစ်ယောက်က ခင်ယွန်းသက်ရဲ့
နာမည်ကို လှမ်းအော်ခေါ်ရင်း အနားသို့ အပြေးအလွှား ရောက်ချလာသည်။

"ဖြူစင်...ကိုကိုရော ကိုကိုဘယ်မှာလဲ"

"Operation Theatre 2မှာ..."

အဖြေရရချင်း ရှေ့ကနေပြေးထွက်သွားသူနောက်သို့
ဖက်တီးနဲ့ထွန်းတောက်တို့ကလည်း ထက်ကြပ်မကွာ။ ဖြူစင်သန့်ကတော့ ဝင်လာကတည်းက အူယားဖားယားနှင့် အရူးမကြီးလိုဖြစ်လာသော သူငယ်ချင်းဖြစ်သူကို မမြင်ဖူးသူလိုငေးရင်း သူလည်း လိုက်သွားသင့်ကြောင်း အသိပြန်ဝင်လာတော့မှ ထွက်သွားသူတွေနောက်သို့ ခပ်သုတ်သုတ် လိုက်သွားလေသည်။

ရောင်နီလွင်ဦး ဓားထိုးခံရတဲ့သတင်းက ပန်ဒိုရာဆေးရုံဝန်းတစ်ခုလုံးမှာလည်း ရုတ်ရုတ်သဲသဲ။ ​
ဆေးရုံကနေ နှုတ်ထွက်သွားတဲ့ ဆရာဝန်တစ်ယောက် ဖြစ်သော်ငြား သဘောကောင်းပြီး အလုပ်ကြိုးစားကာ အမြဲပြုံးရွှင်နေတတ်တဲ့ ရောင်နီ့ကို ဆေးရုံရှိလူတိုင်းနီးပါး ချစ်ခင်လေးစားကြသည်။ ထို့အပြင် ဆေးရုံအုပ်ကြီး ကိုယ်တိုင် ခွဲစိတ်ခန်းဝင်ပေးနေသည်ဆိုသောကြောင့်လည်း အခြေအနေအရပ်ရပ်ကို နားတစွင့်စွင့်ရှိနေကြ၏။

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Unde poveștirile trăiesc. Descoperă acum