Part 27(Zawgyi)

294 11 1
                                    

ဆယ်တန်းအောင်စာရင်းထွက်မည့်ည....။

ထွန်းတောက်ရဲ့ တောင်းဆိုမှုကြောင့်ပဲ
မမတို့အိမ်မှာ ရောင်နီလာအိပ်ဖြစ်တဲ့ ညတစ်ည။ အောင်စာရင်းမထွက်ခင် တစ်ညနေလုံး ရယ်လိုက်၊မောလိုက်ရှိခဲ့ကြရာမှ အချိန်နီးကပ်လာသည်နှင့်အမျှ ရယ်ခြင်းထက် မောခြင်းကသာ ပိုများပြားလာသည်။
မမက ဘုရားခန်းကနေမခွာ၊ ကိုသက်ကျော်ကတော့ ဧည့်ခန်းထဲမှာပဲ စာဖတ်ရင်း အချိန်ကို ထိုင်စောင့်သည်။ ရောင်နီနဲ့ ထွန်းတောက်သည်လည်း tvရှေ့မှာ စကားတပြောပြောနှင့်။

ထွန်းတောက်တို့ အတန်းပိုင်ဆရာမက အောင်စာရင်းထွက်ထွက်ချင်း ဖုန်းဆက်ပေးမည် ပြောထားသောကြောင့် သူတို့အားလုံး ဆရာမဆီကဖုန်းကို ထိုင်စောင့်နေခဲ့ကြခြင်း ဖြစ်သည်။ ဆယ့်နှစ်နာရီ ထိုးပြီးသွားပြီမို့ စိတ်လောနေတဲ့ ထွန်းတောက်က စကားပြောရင်းတန်းလန်း အတွေးလွန်ရင်း ငေးငိုင်သွားတာ ခဏခဏ။ ကာယကံရှင်မပြောနှင့် စိတ်မပူဖို့ပြောပေးနေတဲ့ ရောင်နီကိုယ်တိုင်ပင် ခြေဖျား၊လက်ဖျားတွေ အေးနေခဲ့သည်။ သူ့အတွက် စိတ်ပူစရာက ထွန်းတောက်တစ်ယောက်တင်မက။ ဖက်တီးအတွက်ပါ ရင်ပူနေရသည်။

"လေးလေး...သားတို့ကျောင်းကိုပဲ သွားလိုက်ရအောင်။ ဆရာမက မေ့ပြီး ဖုန်းမဆက်မိတာလားမသိဘူး။ အောင်စာရင်းက ထွက်နေပြီထင်တယ်"

"မမေ့လောက်ပါဘူး တောက်တောက်ရယ်။ မထွက်သေးလို့နေမှာပါ။ အခုသွားရင် အကြာကြီး စောင့်နေရလိမ့်မယ်။ ဆရာမဖုန်းဆက်ပြီးမှပဲ လိုက်ပို့ပေးမယ်။ အဲ့ကျ စိတ်အေးအေးနဲ့ သွားလို့ရတာပေါ့။မဟုတ်ရင် သွားပြီးတော့ ဟိုကျမှ ပိုစိတ်လောနေရမှာ"

"အေးလေ သားရယ်။ ခုချိန်သွားရင် ကျောင်းမှာ လူအုံနေမှာနဲ့ တော်တော်နဲ့တိုးလို့ရမှာမဟုတ်ဘူး။ ဆရာမဖုန်းဆက်ပြီး ခဏနေမှ သွားကြည့်ကြပေါ့။ အရမ်းကြီးစိတ်မပူနဲ့။ ဖေဖေ့သားက အောင်ကိုအောင်မှာ"

"သားက မအောင်မှာကို စိတ်မပူပါဘူး။
Dမပါမှာပဲ စိုးရိမ်တာ"

"ဟောဗျာ...ဒီစကားကို ဖက်တီးကြားရင်တော့ 
ဖေ့သားကို ထုချင်မလားဘဲ"

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Hikayelerin yaşadığı yer. Şimdi keşfedin