Part 21(Zawgyi)

277 12 0
                                    

"ဇင်မင်းသူ...မင်း ဘာလို့ စာတွေ
ဒီလောက်ကြိုးစားနေတာလဲ"

ထွန်းတောက်လေသံက မကျေနပ်မနပ်နှင့်
ဆွဲဆွဲငင်ငင်။ သူတို့သင်္ချာသုံးပုဒ်တွက်ပြီးရင် ခဏနားဖို့ ပြောထားကြသော်လည်း နောက်တစ်ပုဒ်ဆက်တွက်နေတဲ့ ဖက်တီးကြောင့် ထွန်းတောက်ပါ အပါးခိုလို့မရတော့။

"မင်း လေးလေးက ငါသင်္ချာအားနည်းနေတယ်။ များများလေ့ကျင့်မှရမယ်လို့ ပြောထားတယ်လေကွာ"

လေ့ကျင့်ခန်းစာအုပ်ဆီကနေ မျက်နှာတစ်ချက်
မလွှဲ။ သူတို့စာအတူသင်ဖြစ်ချိန်ကစပြီး ငါးလတာ ကာလတစ်လျှောက် ဖက်တီးက အရင်ဖက်တီး မဟုတ်တော့ပေ။ အရင်ဖက်တီးက စာကလွဲပြီး အကုန်စိတ်ဝင်စားတဲ့ ဂျလေဘီဖက်တီးဖြစ်ပြီး အခုဖက်တီးကတော့ ကျောင်းမှာရော၊ အိမ်မှာပါ စာမှစာဖြစ်နေတဲ့ စာဂျပိုးဖက်တီးဖြစ်နေလေပြီ။ ဖက်တီးထက် ဇွဲကောင်းခဲ့တဲ့ ထွန်းတောက်တောင်မှ ဖက်တီးရဲ့ လုံ့လအားထုတ်မှုကို လိုက်မမီတော့သည်အထိ
နာမည်နဲ့လူ မလိုက်ဖက်တဲ့ ဖက်တီးကောင်က
စာကို အသည်းအသန် ကြိုးစားနေခဲ့ခြင်းဖြစ်၏။

"ပြောစမ်းပါ ငါသိချင်လွန်းလို့...။ မင်း
ဘာလို့ ဒီလောက်ပြောင်းလဲသွားတာလဲ"

"အဲ့ဒါက ငါပြောင်းလဲမှရမယ့် အခြေအနေဖြစ်နေလို့ပေါ့"

"အေးလေ အဲ့အခြေအနေကိုပဲ ငါသိချင်တာ"

ဖက်တီးက ကျစ်ခနဲစုတ်သတ်ကာ ဘော့ပင်ကို
လက်ကချပြီး ထွန်းတောက်ကို စိုက်ကြည့်သည်။ ဒီနေ့ ​ရောင်နီက အပြန်နောက်ကျမယ် ဖုန်းကြိုဆက်ထားလို့ ထွန်းတောက်အခန်းထဲမှာ နှစ်ယောက်တည်း စာအတူလုပ်ရင်း ရောင်နီ့အလာကို စောင့်နေခဲ့ကြတာဖြစ်သည်။

"ငါက မင်းလိုသူဌေးသားမှမဟုတ်တာ ထွန်းတောက်ရာ"

"မဆိုင်တာမပြောနဲ့"

ဖက်တီးအဖြေကို ထွန်းတောက် မကျေနပ်။
သူ့အိမ်မှာ ဖက်တီး စာစသင်ကတည်းက အခန်းထဲမှာရှိတဲ့ ကွန်ပြူတာတို့၊ ဂိမ်းစက်တို့၊​ လေးလေးဝယ်ပေးထားတဲ့ iPadအပါအဝင် ဘယ်တန်ဖိုးကြီးပစ္စည်းကိုမှ ထွန်းတောက် ကိုင်မပြခဲ့။ ကိုယ့်ပစ္စည်းနဲ့ကိုယ် ဘယ်အချိန်ဖြစ်ဖြစ် စိတ်တိုင်းကျကိုင်တွယ်နိုင်သော်လည်း ကြွားသလို ဖြစ်မှာစိုးလို့ သူကိုယ်တိုင်ကပါ ဒီအခန်းနဲ့ မသက်ဆိုင်သလိုမျိုးသာ နေပြခဲ့သည်။
သူ့အခန်းထဲကို ဖက်တီးရောက်ကာစက ဟိုဟိုဒီဒီ လိုက်ကြည့်နေတဲ့ အရောင်တလက်လက် မျက်လုံးတွေကိုလည်း ထွန်းတောက် အခုအချိန်ထိ မမေ့သေး...။

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Donde viven las historias. Descúbrelo ahora