Extra(2) Zawgyi

347 11 0
                                    

မှန်ထဲမှာပေါ်နေတဲ့ သူ့ကိုယ်သူကိုကြည့်ပြီး
ဇင်မင်းသူ ကျေနပ်နေသည်။ သူ ခင်ယွန်းသက်ရဲ့
gymမှာ အလုပ်ဝင်ကတည်းက ဖြည်းဖြည်းချင်း ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အချိုးအစားက တစ်နှစ်ပြည့်ခါနီးမှာ မမှတ်မိနိုင်လောက်အောင် ကြံ့ခိုင်ကျန်းမာလာခဲ့ခြင်းဖြစ်၏။ နေ့စဉ်မပြတ် ကြိုးစားအားထုတ်နေခြင်း ရလဒ်ကြောင့်
ခန္ဓာကိုယ်ပေါ်က အဆီပိုနေရာမှာ ကြွက်သားစိုင်များ အစားထိုးလာတော့ သူလည်း အများနည်းတူ သူ့ကိုယ်သူရဲ့တိုးတက်မှုကို ဆိုရှယ်မီဒီယာပေါ်မှာ ချပြချင်လာသည်။

အခုတလော ဆိုရှယ်မီဒီယာပေါ်မှာ
trendဖြစ်နေတဲ့ before and after trendမှာ ပါဝင်ဖို့အတွက် သူ့ရဲ့လက်ရှိပုံကို ကျေနပ်သည်အထိ ရိုက်ယူပြီးတော့ galleryထဲက အရင်ပုံအဟောင်းကို ပြန်ရှာပြီး ထိုနှစ်ပုံကို before and after captionနှင့် တွဲတင်လိုက်သည်။ သူပုံတင်တင်ချင်းမှာပဲ အကောင့်ထဲက friendတွေဆီကlove react အများအပြား လက်ခံရရှိခဲ့သည်။ ထို့အပြင် အားကျကြောင်းရေးထားတဲ့ ကောမန့်တွေ၊ gymက လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကောမန့်တွေ၊ သူတစ်ခါမှ သတိမထားမိတဲ့ ကောင်မလေးတွေ၊ကောင်လေးတွေဆီက ကောမန့်တွေအပြင် သူ့ပို့စ်ကိုshareကြသူတွေလည်း များသထက်များလာသည်။

ကောမန့်တွေကို ပြုံးပြုံးရွှင်ရွှင်ဖတ်လိုက်၊ စာပြန်လိုက်လုပ်နေရင်းကြားက မန့်တစ်ခုစီအရောက်မှာ
သူ လက်တွေခဏတွန့်သွားပြီး "သွားပြီ"ဟုလည်း စိတ်ထဲမှာ ရေရွတ်မိ၏။

"ပြချင်တာပြလိုက်ရတော့ ပျော်လား"တဲ့။

မေးထားတာက ရိုးရိုးရှင်းရှင်းလေးပေမယ့်
သူကတော့ ထိုမန့်ကိုမြင်ကတည်းက မန့်ပိုင်ရှင်ရဲ့
chat boxသို့ အပြေးလေးရောက်ချသွားမိသည်။

"ထွန်းတောက်...ငါ့ကိုစိတ်ဆိုးသွားတာလား"

တစ်ဖက်က သူ့စာကို ချက်ချင်းဝင်မဖတ်ပေမယ့် ဘယ်ကိုမှထွက်မသွားဘဲ ဇွဲရှိရှိဆက်စောင့်တော့ ကျေနပ်စရာမကောင်းတဲ့ ပြန်စာတစ်ခုရလာသည်။

"မဆိုးပါဘူး"တဲ့...။

ထွန်းတောက် ဒီလိုပြောတိုင်း သူမရရအောင် ချော့ရတော့မည်ဆိုတာကို အတွေ့အကြုံတွေအရ ဇင်မင်းသူ သဘောပေါက်သည်။ သူငယ်ချင်းဘဝမှာကတည်းက သူနဲ့ခင်ယွန်းသက်ကို သဝန်တိုနေတတ်တဲ့ ထွန်းတောက်က ချစ်သူဘဝမှာလည်း ထိုအစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားတာက ကြာလေပိုဆိုးလေဟုပင် သူထင်လာသည်။

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Hikayelerin yaşadığı yer. Şimdi keşfedin