Extra(1)Zawgyi

333 10 0
                                    

ရောင်နီ ဆေးရုံမှာ သုံးပတ်တိတိနေခဲ့ရသည်။ ဓားထိုးခံရတဲ့ဒဏ်ရာက ပထမတစ်ပတ်မှာတင် ဖြည်းဖြည်းချင်း သက်သာလာသော်လည်း စိုးရိမ်စိတ်ပူတတ်လွန်းသူတွေရဲ့ ဆန္ဒကို သူ,မလွန်ဆန်နိုင်။ အထူးသဖြင့် "သူ့ကြောင့်"ဆိုပြီး အပြစ်ခံစားစိတ်ဖြစ်နေတဲ့ ထိရှန်းကိုရဲ့ခံစားချက်ကို ပြန်ငဲ့ရသည်။

ထိုသုံးပတ်လုံးလုံး သူ့အနားမှာ
တောက်တဲ့လို တွယ်ကပ်နေခဲ့တဲ့ကောင်လေးက
ရောင်နီ ချောင်းလေးနည်းနည်းဆိုးမိရင်တောင်
ခြေမကိုင်မိ၊လက်မကိုင်မိဖြစ်တတ်တဲ့အပြင် ငါးမိနစ်ခြားတစ်ခါ "အစ်ကို့ဒဏ်ရာက နာနေသေးလား"ဆိုပြီး မေးလာတာလည်း အကြိမ်ကြိမ်အခါခါ။ ထိုမျှမကသေးဘဲ "တောင်းပန်ပါတယ်"ဆိုတဲ့ စကားကို မရေမတွက်နိုင်အောင် ပြောရင်း ရောင်နီ့မျက်နှာကိုပါ မျက်ရည်စများနှင့် ငေးကြည့်နေတတ်သည်။

"ကိုယ် တကယ်အဆင်ပြေပါတယ် ရှန်းရဲ့...။ စာမေးပွဲနီးနေပြီလေ ကိုယ့်ဆီမှာပဲ တစ်ချိန်လုံး နေနေတော့မလို့လား။ ဆယ်တန်းကို အောင်ရုံပဲအောင်တာမျိုး ကိုယ်မလိုချင်ဘူးနော်"

မိုးလင်းကမိုးချုပ် ရောင်နီ့အနားမှာချည်း ရှိနေတတ်လို့ သတိပေးစကားပြောတော့ ထုံးစံအတိုင်း နှာ​ခေါင်းထိပ်ပေါ်က မှဲ့နက်သေးလေးကို တတိတိပွတ်ရင်း သဘောကျရအောင် ပြုံးရင်းမှ ပြန်ဖြေလာသည်။

"တစ်ချိန်လုံးမဟုတ်ပါဘူး။ အစ်ကို့
အဖေနဲ့အမေလာရင် ကျွန်တော်ရှောင်ပေးရတယ်လေ။ ပြီးတော့ အစ်ကို့အစ်မတို့လင်မယားလာရင်လည်း အခန်းထဲက ထွက်ပေးရတာကို..."

"စိတ်မကောင်းဖြစ်နေတာလား"

"ဟာ...ဖြစ်စရာလား...မဖြစ်ပါဘူး။ ကျွန်တော်က တစ်ချိန်လုံးနေရတာမဟုတ်ဘူးလို့ဘဲ ပြောပြတာ။ ပြီးတော့ စာလည်းကျက်ပါတယ်နော်။ အစ်ကိုအိပ်ပျော်သွားရင်..."

ပြုံးလိုက်သော်လည်း ရောင်နီ့အပြုံးတွေက
အဆုံးစွန်ထိတော့ မတောက်ပနိုင်။ "အေး...ရောင်နီ ဒယ်ဒီတို့ထွက်လာကြပြီနော်"ဆိုတဲ့ ဖုန်းကို လက်ခံရရှိတိုင်း ပျာပျာသလဲ ရှောင်သွားပေးတတ်တဲ့ ကောင်လေးကိုကြည့်ပြီး တကယ်စိတ်မကောင်းဖြစ်ရတာလည်း ရောင်နီကိုယ်တိုင်ပင် ဖြစ်၏။ မမကတော့ ရောင်နီတို့နှစ်ယောက်ကို လက်ခံပေးသည်ဆိုသော်လည်း ထိရှန်းကိုနဲ့ မျက်နှာချင်းဆိုင်မိတဲ့အချိန်တွေမှာ ရောင်နီ ကျေနပ်ရလောက်အောင်ထိ ချိုသာကြည်ရွှင် နေသည်မျိုးတော့မဟုတ်။

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Hikayelerin yaşadığı yer. Şimdi keşfedin