Mary tway

1K 42 1
                                    


    မယ်ရီသွေးဆိုတဲ့အမျိုးသမီးက သိပ်သဘောကျဖို့ကောင်းတဲ့အချက်တေရှိတယ် သိပ်ကိုမှချစ်စရာကောင်းတဲ့အပြုအမူလေးတေလဲရှိတယ် ပီးတော့အသက်ကြီးသလောက်တကယ်စွာတတ်တဲ့ အမျိုးသမီးလေး သို့သော်အရမ်း တည်"ငြိမ်"နေတတ်တယ်
   ဒါပင်မဲ့လို့ အချစ်နဲ့ထိတွေ့မိသွားတဲ့အခါ တည်ငြိမ်ရင့်ကျက်ပါတယ်ဆိုတဲ့အရာတေဟာ ကြက်ပျောက်ငှက်ပျောက်
  ရည်စားများတယ်ဆိုပီး လူတေကပြောဆိုသမုတ်ကျတယ် သွေးမှတကယ်မချစ်တတ်တာပဲ သူတို့လာချစ်တော့လက်ခံပေးလိုက်ယုံပဲရှိတာပါ ကျန်တာက သွေးကတော့အေးဆေးပါ အသည်းလဲမကွဲတတ်သလို ဒီတိုင်းပဲအေးဆေးနေတတ်တယ် ဘယ်သူကိုမှလဲမလွမ်းတတ်သလို ဘယ်သူ့ကိုမှလဲမချစ်တတ်ဘူး
     သို့သော်သွေးမှာသဘောကျတဲ့သူတယောက်
တော့ရှိတယ် သူကသွေးပထမဆုံး စသဘောကျခဲ့
ရတဲ့သူတယောက်ပေါ့ အဲ့အစ်ကိုနာမည်က
'ရှိန်းမြတ်သွင်'တဲ့ ဒါပင်မဲ့ သူ့မှာသဘောကျနေတဲ့သူရှိတာကြောင့် တိတ်"ကလေးပဲသဘောကျခဲ့ရတယ် အင်းပြောရမယ်ဆိုရင်တော့ သူကကျမကို သူ့မျက်စိထဲတောင်မမြင်ခဲ့ပါဘူး သူ့မှာသဘောကျတဲ့သူလဲရှိတယ်ဆိုတာသိတဲ့အချိန်ကတည်းက
ထပ်သဘောမကျမိဖို့ကိုယ့်ကိုသတိပေးရင်နဲ့  မေ့ပစ်
ရတာပေါ့ သို့သော်လဲအချစ်ဦးဆိုတော့လွယ်"နဲ့တော့မေ့မရချေ
အဲ့လိုကနေ ရည်စားတေထားရင်"နဲ့ ရည်စား
ရှုပ်တဲ့ မိန်းမတယောက်ဖြစ်လာခဲ့ရတယ် သွေးကတော့ ရှင်း"လေးပါပဲ သွေးဘဝမှာ ဘယ်သူ့ကိုမှ
တကယ်မချစ်ဘူး ချစ်လဲမချစ်ချင်ခဲ့ဘူး ပထမဆုံးသဘောကျခဲ့ရတဲ့သူနဲ့တင် နာကျင်ပီးကတည်းက အချစ်ကိုအယုံအကြည်မရှိတော့တာပါပဲ
       အဲ့လိုနေရင်းကနေပဲ တနေ့မှာ မိန်းကလေးတယောက်နဲ့ဆုံခဲ့တဲ့အချိန်မှာ သူမတွေးထားသမျှအရာအားလုံးဟာ အကုန်ပြောင်းပြန်တေဖြစ်သွားခဲ့တယ်

         မယ်ရီသွေး(Mary tway)

သွင်Where stories live. Discover now