Chapter 27

431 28 7
                                    

Chapter 27

ထိုနေ့ညနေ ကျောင်းကပြန်တော့ အိမ်ကိုဝင်
မည်ဟု စိတ်ကိုဆုံးဖြတ်လျက် အိမ်သို့မောင်း
လာခဲ့သည်

ကျွန်မအိမ်ရဲ့ခြံရှေ့ကိုရောက်လာပီး
ကြည့်လိုက်တော့ ပတ်ဝန်းကျင်ဟာတိတ်ဆိတ် နေသည်

အရင်ကဆို ဒီတိုင်းဝင်သွားနေကျဆိုပင်မဲ့လည်း
ယခုအခါ ဝင်သွားဖို့တွေးကြည့်ရုံနှင့်ပင်
လက်ဖျားတေဟာအေးဆက်လျက်

သို့ပင်မဲ့လည်း ဒီတိုင်းခြံပြင်မှာနေနေလို့
မဖြစ်ဘူးဆိုတဲ့တွေးမိတာကြောင့် မရှိရှိတဲ့
အားလေးဖြင့် ဟွန်းတချက်တီးလိုက်တော့

အိမ်က ခြံစောင့်ဦးလေးကြီးဟာ ကျွန်မကားကို
တချက်ကြည့်ပီး ကျွန်မမှန်းသိတော့ မြန်"ဆန်"
ပင်ခြံတံခါးကိုဖွင့်ပေးရှာသည်

ကျွန်မလဲ ခြံထဲသို့ဝင်သွားလိုက်ကာ parking တွင် ကားကိုထိုးလိုက်ပီး ဘေးကိုကြည့်လိုက် တော့ မေမေ့ကား ရှိနေတာကြောင့် အိမ်ထဲ
တွင်မေမေရှိနေမည်မှာ အသေချာပင်

ကားအောက်သို့
မဆင်းခင် ကားပေါ်ရှိမှန်ကိုကြည့်လိုက်ကာ
မျက်စိကိုခနမှိတ်ထားပီး ဝင်လေထွက်လေ
မှန်အောင်မှတ်လိုက်ပီး စိတ်မလှုပ်ရှားရန်
ပြင်ဆင်နေမိသည်

သို့ပင်မဲ့လည်းမရပါ ကားပေါ်ကနေဆင်းလိုက်
တဲ့အခါ နှလုံးခုန်သံတေဟာမြန်လာသည်

ဘာပဲဖြစ်"အိမ်ထဲသို့ စိတ်ကိုလျော့လျက်ဝင်
သွားလိုက်တော့

အိမ်ထဲသို့ဝင်"ချင်းပင်
ဧည့်ခန်းထဲတွင် ကျွန်မလာမည်ကိုသိသည်နှင့်
တူပါရဲ့ အဆင့်သင့်စောင့်နေတဲ့ မေမေ

ကျွန်မလဲ သူမနားမသွားသလို သူမကလဲ
ကျွန်မအား စကားတခွန်းမှမပြောပဲ
တယောက်ကိုတယောက်အပြန်အလှန်ကြည့်
ရင်း ရပ်နေမိကျသည်

.

ထိုအချိန်

'အာ သွင်လေးရောက်နေပီလား ဖေဖေက
နောက်ကျမယ်ထင်နေတာ'

'ဟုတ်ဖေဖေ သွင်ဒီနေ့ အတန်းကစောဆင်း
လို့စောစောလာခဲ့လိုက်တာ'

'အော်ဟုတ်လား အဲ့တာဆိုလဲထိုင်လေ သမီး
ရဲ့ဧည့်သည်ကျနေတာပဲရပ်ပီး ဘာလုပ်နေ
တာလဲ'

သွင်Where stories live. Discover now