သွင်မနက်အိပ်ယာထလာတော့ လက်ကိုလှုပ်ချင်ပင်မဲ့လှုပ်မရပါ တခုခုသွင့်လက်ပေါ်လာဖိထားသလိုဖြစ်နေတာကြောင့် သွင်မျက်လုံးကို
အသာအယာဖွင့်ပီးကြည့်လိုက်တော့မှ ဒေါ်မယ်ရီသွေးဆိုသည့်အမျိုးသမီးဖြစ်နေမှန်း
သွင်သိလိုက်သည်သွင်သူမရဲ့အိပ်နေသည့်မျက်နှာလေးအား
အချိန်အတော်ကြာစိုက်ကြည့်နေပီးတွေးမိသည်
ဒီအမျိုးသမီးဟာအိပ်နေရင်တောင် လှနေ
သည့်အမျိုးသမီးပင် သူမရဲ့မျက်နှာလေးပေါ်
တွင် တစိုးတစဖြန့်ကျနေသော ဆံပင်အနည်း
ငယ်ကို နားလေးပေါ်သို့သွင်သပ်တင်ပေး
လိုက်တော့ ထိုအမျိုးသမီးက ကိုယ်လေး
တချက်တုန်သွားသည်ပီးတော့ မျက်လုံးလေးများဖွင့်လာကာ
အိပ်ချင်နေသည့်မျက်လုံးလေးဖြင့် သွင့်အား
စူးစူးစိုက်စိုက်ကြည့်လာသည်
အိပ်ချင်နေသည့်မျက်လုံးဖြင့်ကြည့်နေသည်
တောင် သူမမျက်လုံးတို့ဟာ လှမြဲလှဆဲပါ
တမျိုးပြောရလျှင်ထိုအမျိုးသမီးမျက်လုံး
ကလေ ညို့မျက်လုံးလို့ပြောရမလား သူမကို
အချိန်ကြာကြာကြည့်မိလျှင် လူတယောက်ကို
သူမအား သဘောကျသွားနိုင်အောင်လောက်ထိ
ဆွဲဆောင်နိုင်သည်သူမမျက်လုံးက ဝိုင်းသည့်ဘက်လဲမသွားပဲ ဆွဲဆောင်မှုရှိတဲ့မျက်လုံးပုံစံမျိုးဖြစ်သည်
မျက်ရစ်ကလေးရော မျက်ခုံးကလေးက အစ
လုံးဝကို သေချာပုံဖော်ထားသည့်ပန်းချီကား
တချပ်လို ကြည့်ကောင်းသည်သွင်ကပန်းချီတေကိုဆိုအရမ်းသဘောကျသည်
ဒီလိုပြီးပြည့်စုံနေသည့် ပန်းချီကားတချပ်လိုအမျိုးသမီးမျိုးတေကိုလဲ သွင်သဘောကျသည်သွင်ကိုသူမရဲ့လှပသောမျက်လုံးလေးနဲ့ ကြည့်
လာပီး'မင်းနှိုးနေရင်လဲထတော့လေကွယ် တို့ကိုဘာလို့အဲ့လောက်တောင်စိုက်ကြည့်နေရသလဲ'
'လှ..လှလို့ပေါ့'
သွင်ကိုယ်သွင်တောင်မထင်မှတ်ထားခင်
ပါးစပ်မှထွက်သွားသည့် စကားတခွန်း'အို မင်းကတော့'
'အတည်ပြောတာ မမသွေးက အခုလို
အနီးကပ်ကြည့်တော့ တော်"ကိုလှတာပဲ အဲ့တာကြောင့် သွင်စိုက်ကြည့်နေမိတာ'
YOU ARE READING
သွင်
Romanceသွင်ပန်းချီကားတေကိုသဘောကျတယ် သို့သော် ပြီးပြည့်စုံတဲ့ပန်းချီကားတချပ်နဲ့ တူတဲ့ ထိုအမျိူးသမီးကို ပိုသဘောကျမိတယ် -ရှိန်းညိုသွင် တို့မင်းရဲ့ အချစ်ကဗျာတေထဲမှာ မနှစ်မြောချင် ဘူး မင်းရဲ့ ကဗျာတေက တခါနှစ်သက်မိရင် ဖြတ်မရတဲ့စီးကရက်တေလို တို့...