Chapter 2

728 33 1
                                    


   
'ရား အဲ့ကလေးစုတ်ကတော့'

ဟုမယ်ရီသွေးက canteenမှာကြိမ်းဝါးတော့ ဘေးကသူမသူငယ်ချင်းယွန်းမြတ်ချယ်က

'ဟဲ့နင်ဘာဖြစ်လာတာလဲသွေး'
'ဘယ်ကကလေးမှန်းမသိပါဘူး ငါ့ကိုသူက
အရင်ဝင်တိုက်ပီး သူကမမြင်ဘူးလားဘာလေးညာလေးနဲ့ ပီးတော့ခေါ်သွားသေးတယ် ငါ့ကို
အဒေါ်ကြီးတဲ့'
  
သူအကြောင်းစုံပြောပြတော့ ဘေးက
ယွန်းမြတ်ချယ်က တခွီခွီနဲ့ထရယ်သည် သွေး
မကြည်ကြည့်ဖြင့်ကြည့်လိုက်တော့မှ မျက်နှာပိုးသတ်တော့သည်

'ဟဲ့နင့်ကိုဘယ်က ကလေးကများအဒေါ်ကြီးလို့ခေါ်လိုက်တာလဲဟယ်'
    လို့ယွန်းမြတ်ချယ်မေးတော့
  
'နင်ကလဲငါမသိပါဘူးဆို သိလို့ကတော့ သူအခန်းထိသွားပီး ရန်လုပ်တယ် ဒါမဲ့ first yearကထင်တယ် ဘယ် major ကလဲတော့
ငါလဲမသိဘူး'
 
'first yearက ကလေးက နင့်ကိုအဒေါ်ကြီးလို့ခေါ်သွားတာတော့ လွန်တာပေါ့ နင်ဒေါသ
ထွက်လဲထွက်ချင်စရာ'လို့ပြောပီးထပ်ရယ်
ပြန်တယ်
   
'ရယ်မနေနဲ့ အူတက်ပီးလဲသေနေဦးမယ်'မယ်ရီသွေးကပြောတော့မှ
   
'နင်ကလဲဟယ် နင့်အဖြစ်က ရယ်ချင်စရာကြီး ဖြစ်နေတာကိုဟ'
 
ယွန်းမြတ်ချယ်ပြောတာလဲဟုတ်ပါသည်လေ သွေးအဖြစ်က ရယ်ရခက် ငိုရခက်
   
'နောက်နေ့တွေ့ရင်တော့ ငါနိုင်အောင်ကိုပြောခဲ့ဦးမှာ အဲ့ကလေးကို'
  
'အေးပါ ပြောပါ" အခုတော့အတန်း
နောက်ကျနေပီ သွားရအောင်'
   
'လာပီ လာပီ အဲ့ကလေးကိုစိတ်တိုနေတာနဲ့
တင် အတန်းကနောက်ကျပြန်ပီ'
   
တကယ်ပါအဲ့ကလေးမက ရုပ်ကလေးက
မျက်မှန်နဲ့အူကြောင်ကြောင်လေး သူ့ပုံစံလေးက boyish styleနဲ့ ဆံပင်ကလဲ ဂုတ်ထောက်နေပီးအဖြူရောင်ဆိုးထားသေးသည် အသားက ဖြူလဲမဖြူညိုလဲမညိုပဲ မျက်နှာလေးက
ကြည့်ကောင်းသည့်အထဲပါသည်
    
သို့သော်ပြောပုံဆိုပုံကတော့ မိန်းမဆန်သည် ကလေးတယောက်လိုပဲ ပြောသည် လူကိုဒေါ်သထွက်အောင်လဲအနိုင်ယူပြောတတ်သေးသည် တကယ့်ကလေးပဲ
  
အခန်းထဲရောက်နေတာတောင် စိတ်ကအဲ့ကလေးကို မကျေနပ်သေးပါ နောက်တွေ့မှ အဲ့
ကလေးကို ရန်ပြန်လုပ်ဦးမည် ဟုစိတ်ထဲတွေးကာ စာကိုသာအာရုံစိုက်လိုက်သည်
  
ဒီနေ့အတန်းကစောစောပီးလို့  အိမ်ကိုစော"ပြန်ဖြစ်သည် ဟိုကလေးကိုတွေ့ရင်ရန်
လုပ်မည်ဟုတွေးထားသော်လည်း သူရဲ့ majorတောင်မသိသည်မို့ အိမ်ကိုပဲပြန်လာ
ဖြစ်ခဲ့သည်
   
သွေးရဲ့ဘဝကတော့ မိသားစုရှိပင်မဲ့လဲ
အကုန်လုံးကအတူတူမနေဖြစ်ကျ အဲ့တော့အိမ်ပြန်လာလျှင် သွေးကိုစောင့်နေတတ်တဲ့သူကတယောက်သာ သူကတော့ Bomဆိုတဲ့ သွေးရဲ့ခွေးလေးပေါ့
    
အဲ့ကောင်ကသိပ်လိမ္မာတာ အမြဲသွေး'အထီးကျန်နေတဲ့အချိန်ဆိုအဖော်လုပ်ပေးတယ် သွေးနဲ့ဆော့ရတာလဲသူကအရမ်းကြိုက်တာ သူကသွေးအတွက်တော့မရှိမဖြစ်လေးပေါ့ တနည်းပြောရရင် မိသားစုဝင်တယောက်လိုတောင် သွေးအတွက်အရေးပါသည်
     
ဒီနေ့လည်း Bomနဲ့ဆော့ပီး ညစာစားဖြစ်
တယ် ပီးရင် တယောက်ထဲmusic နားထောင်
လိုက် Movieတေကြည့်လိုက် စာလုပ်လိုက်ပေါ့ဒီလိုဖြတ်သန်းရတာလဲတမျိုးတော့ကောင်းသာ
သွေးတနေ့တာကတော့ ဒါတေနဲ့ပဲလှည့်ပတ်နေတာပါပဲ
   
လုပ်စရာရှိတာအကုန်လုပ်ပီးတော့ အိပ်ရမယ့်အချိန်ရောက်လာတော့ အိပ်တော့မယ်လို့အလုပ် ဟိုကလေးစုတ်ကစိတ်ထဲပေါ်လာတယ် တကယ်ပါအဲ့ကလေးကိုဘာလို့စိတ်ထဲအဲ့လောက်တွေးမိနေမှန်းမသိပါဘူး မနက်ကတည်းကအခုထိတွေးမိနေတော့တာပဲ
   
အမှန်ဆိုသွေးဒီလောက်လူတယောက်အကြောင်းကိုခေါင်းထဲထည့်တတ်တဲ့သူမ
ဟုတ်ပင်မဲ့ အဲ့ကလေးကိုကျသူ့အလိုလိုကိုတွေးမိနေတာ သဘောကျမိရအောင်ကလဲ သူက
မိန်းကလေးတယောက် ပီးတော့ တကယ့်
အမြင်ကပ်စရာကောင်မလေးတယောက်လေ ကျမနဲ့လုံးဝကီးကိုက်မဲ့ ပုံစံမဟုတ်တာကို ဘာလို့တွေးမိနေမှန်းကိုမသိပါဘူး
   
အဲ့နေ့ညက အဲ့ကလေးစုတ်အကြောင်းတွေးရင်းနဲ့ပဲ သွေး'အိပ်ပျော်သွားခဲ့တယ်

 
လူတယောက်ကိုမသိလိုက်ခင်မှာပဲ
ချစ်မိသွားနိုင်တယ် သဘောကျသွားနိုင်တယ်
အချိန်တေအများကြီးမလိုပါဘူး
ဒီတိုင်းလေး မျက်လုံးချင်းစုံရုံ လက်ကလေး
ချင်းထိမိရုံနဲ့တင် အချစ်ဆိုတဲ့အရာဟာဖြစ်ပေါ်လာတတ်တာပဲ

     chapter-2 (end)
                                by Rey💭
Words 785
27.2.23

သွင်Where stories live. Discover now