Chapter 10

510 24 0
                                    



အဲ့နေ့သွင်အိမ်ကထွက်သွားပီး"ချင်း
သွင့်ကားလေးခြံထဲမှထွက်သွားသည်အထိ
ဦးမင်းသွင်ကကြည့်နေခဲ့သည်

ဦးမင်းသွင် 'သွင့်'ကားလေး မျက်စိအောက်မှပျောက်သွားပီဆိုမှအိမ်ထဲသို့ဝင်ခဲ့သည်
အိမ်ထဲသို့ဝင်ဝင်ချင်းပင် ဧည့်ခန်းတွင်မျက်ရည်
များဝဲနေသည့် သူ့ရဲ့ဇနီးဖြစ်သူကို တွေ့ရသည်

ဦးမင်းသွင်အပြေးကလေးဒေါ်သက်ထားနွယ်
နားသို့သွားကာ

'သက် ဘာဖြစ်လို့မျက်နှာမကောင်းတာလဲကွာ'

ဟု ဦးမင်းသွင်ပြောလိုက်တော့မှ ဦးမင်းသွင်
ဘေးတွင်ထိုင်နေသော ဒေါ်သက်ထားနွယ်မှ
ဦးမင်းသွင်ရင်ခွင်ထဲသို့တိုးဝေ့ကာ ငိုတော့သည်

'သက်တို့ မှားသွားသလား ကိုယ်'

'မဟုတ်တာ သက်ရယ်ကိုယ်တို့မမှားပါဘူး
သမီးလေးကနားလည်မှုလွဲနေတာပါ'

'သက်လေ သမီးလေးကိုတခါမှ ဒီလိုတေမပြောဘူး" အခုတော့သွင်လေးကို ပြောလိုက်မိပီ
ဘာလို့သမီးလေးကသက်တို့ကိုနားလည်မပေးရ
တာလဲဟင် ကိုယ်'

ဟုပြောကာ ဒေါ်သက်ထားနွယ်က ဦးမင်းသွင် ရင်ခွင်ထဲတွင်ငိုနေတော့သည်

---------

သွင်ကားလေးဟာ အခုအချိန်အထိ ဒီနေရာလေးမှာပဲရှိနေတုန်းပါ
သွင်အတွေးထဲတွင်လဲ ရှုပ်ရှက်ခက်လို့နေသည်

ဒီနေရာလေးမှာရောက်နေတာအခုဆို နာရီဝက်
လောက်ရှိနေပါပီ သွင် နာရီဝက်လုံး"အဲ့
အိမ်ကလေးကိုကြည့်နေခဲ့တာ

သွင်ကိုယ်သွင်လဲဒီကိုရောက်နေတာကြာနေပီမို့
တယောက်"မြင်သွားရင်မကောင်ဘူးဟု တွေးမိပီး ထိုနေရာမှထွက်ခွာရန် ကားစက်နှိုးလိုက်
တော့ သွင့်ကားမှန်ကို လူတယောက်ကလာ
ခေါက်သည်

သွင်လဲကားမှန်ကိုအောက်ချပေးလိုက်တော့
သွင်တွေ့လိုက်ရသည်မှာ

'မင်းမှန်း တို့ထင်တော့ထင်သားပဲကွယ်'

ဟုတ်ပါသည် သွင်တွေ့လိုက်ရသည်က
မယ်ရီသွေးဆိုသည့် အမျိုးသမီးပါ

'အာ သွင်ဒီနားလေး တခုခုဝယ်စရာရှိလို့ လာတာပါ'

'ဟုတ်ရဲ့လား မင်းနာရီဝက်ကျော်"လောက်ထိ ဒီနေရာမှာရပ်နေတာ ဝယ်စရာရှိလို့ပေါ့'

သွင်Where stories live. Discover now