Chapter 23
'အင်း ကျော့ ငါအတည်ပြောတာ နင်ကငါ့ရဲ့
အချစ်ဦးပဲ 'သွင်ပြောသည်ကို အကုန်လုံးက ဘာမှမပြော
ပဲခနမျှငြိမ်သက်နေတာကြောင့် သွင်ကပဲ
ဆက်ပီး'ဒါပင်မဲ့ အခုသွင့်မှာသဘောကျနေ
ရတဲ့သူ အာ..မဟုတ်ဘူး ချစ်မိနေတဲ့သူရှိပါ
တယ်'အားလုံးရဲ့အာရုံတေဟာအခုချိန်မှာ သွင့်ဆီမှာပါ
ကျော့တယောက် ညနေက ရှိန်းပြောခဲ့တဲ့စကားကိုပြန်ကြားယောင်မိသည်
----
flashback :'ရှိန်း..အဲ့လောက်ကြီးကြည့်မနေနဲ့ သိသာတယ်'
'ဟမ်...ဘာကိုလဲ'
'နင်အဲ့အမကိုသဘောကျနေတာလား'
'အမ်ဘယ်သူ..ဘယ်သူ့ကိုလဲ'
သွင်ဟာ ကျော့ကို သူမသိသလိုဟန်ဆောင်ကာ
ကြည့်ရင်းမေးလာတော့'ရှိန်းရယ်မသိချင်ယောင်ဆောင်မနေနဲ့
နင်နဲ့ငါကငယ်"လေးကတည်းက
ပေါင်းလာခဲ့တာပါဟ နင့်အကြောင်းကိုဒီလောက်
တော့သိတယ် ငါရောက်ကတည်းက နင်အဲ့အမ
ကိုတချိန်လူံး ခိုး"ကြည့်နေတာ ငါမသိဘူးများ
ထင်နေလား''မဟုတ်တာ ငါကဒီတိုင်းပဲနေတာပါ'
'ငါ့ကိုလာမလိမ်နဲ့ရှိန်း အတည်ပြောနေတာ
အဲ့အမကို တကယ်သဘောကျနေတာလား'သွင်ဘယ်လိုမှပြောမရတဲ့အဆုံး ကျော့ကိုဝန်ခံ
ဖို့သာရှိတော့သည်။'အင်း..သဘောကျတာမဟုတ်ဘူးကျော့
ငါသူ့ကိုချစ်မိသွားတာ''ထင်ပါတယ် နင်ရဲ့မျက်လုံးထဲမှာသူ့ကိုပဲမြင်
နေရတာ ဒါနဲ့ဘာလဲအဲ့အမနဲ့ရန်ဖြစ်ထားတာ
လား''ဒီတိုင်း ငါကစိတ်ဆိုးနေတာသူ့ကို'
သွင်ကျော့ကိုအကြောင်းအရင်းအစုံကို ပြောပြ
လိုက်တော့'ရှိန်းရယ် နင်ကလဲ ကိုယ်ကြိုက်တဲ့သူကိုမှ
စိတ်ဆိုးနေရတယ်လို့ အဲ့လိုကြပ်"လုပ်နေ
ဟိုကတခြားတယောက်နောက်ပါသွားလိမ့်မယ်''နင်ကလဲ ငါ့အကြောင်းသိရဲ့သားနဲ့ကို
ပီးတော့သူတောင်ငါကိုလာမချော့တာလေ'
YOU ARE READING
သွင်
عاطفيةသွင်ပန်းချီကားတေကိုသဘောကျတယ် သို့သော် ပြီးပြည့်စုံတဲ့ပန်းချီကားတချပ်နဲ့ တူတဲ့ ထိုအမျိူးသမီးကို ပိုသဘောကျမိတယ် -ရှိန်းညိုသွင် တို့မင်းရဲ့ အချစ်ကဗျာတေထဲမှာ မနှစ်မြောချင် ဘူး မင်းရဲ့ ကဗျာတေက တခါနှစ်သက်မိရင် ဖြတ်မရတဲ့စီးကရက်တေလို တို့...