Chapter 29
မနက်ခင်းပိုင်းတခုမှာ နေရောင်ခြည်ဟာ
ပြတင်းပေါက်ကနေ တဆင့်
မျက်နှာပေါ် ဖြာကျလာတာကြောင့်
မျက်စိစူးကာ လက်ကိုမျက်နှာ
ပေါ်အုပ်လျက် ထလာခဲ့သည်အိပ်ချင်မူးတူးဖြင့်ထလာပီး
ဘေးနားကအမျိုးသမီးကြည့်လိုက်တော့
အိပ်နေဆဲပင် သူမကိုမနှိုးရက်တာကြောင့်
ဖြည်းညှင်းစွာအိပ်ယာပေါ်မှထလိုက်ကာ
bathroom ထဲသို့ဝင်ပီး ရေချိုးလိုက်သည်15မိနစ်လောက်အကြာရေချိုးအပီးထွက်လာတော့ထိုအမျိုးသမီးဟာ အိပ်ယာပေါ်တွင်အိပ်မောကျဆဲပင်
သွင် သူမရှိတဲ့ အိပ်ယာနားသို့သွားလိုက်ကာ
ညာဘက်အိပ်ယာစောင်းတွင် ရှိနေတဲ့ သူမ
နားသို့ ထိုင်ချလိုက်ပီး ထိုအမျိုးသမီးရဲ့
မျက်နှာလေးကို သေချာကြည့်နေမိသည်-ကိုယ်ပိုင်ဆိုင်ချင်မိတဲ့အမျိုးသမီးလေးမို့
ထင်ပါတယ် သိပ်ကိုလှနေလိုက်တာ
စတွေ့ကတည်းကလဲလှနေခဲ့သလို
အခုထိလဲ လှနေဆဲ
ဘာမှလိမ်းခြယ်မထားရင်လဲ လှသလို ပြင်"ဆင်"နေပြန်ရင်လဲ
သိပ်ကိုမှချစ်စရာကောင်းသည့်
အမျိုးသမီး....
ဝမ်းနည်းစရာတော့ကောင်းပါရဲ့
နောက်တခါ ဒီအမျိုးသမီးကိုထပ်မတွေ့
ရတော့ရင် ဒီလိုနီး"ကပ်" ထပ်မနေရတော့ရင်
သွင်သေချာပေါက်ကိုဝမ်းနည်းနေမိမယ်
ထင်တယ်-သွင်ရဲ့လက်ချောင်းတေဟာ သူမရဲ့ မျက်နှာနုနုလေးပေါ်သို့ အသာအယာထိတွေ့လျက် စိတ်ထဲ
တွင်ပြောနေလျက်.....
အခု နာရီကြည့်တော့ 6နာရီခွဲပဲရှိသေးတာမို့
သွင်မနက်ဖြန် အိမ်သို့ပြန်ရန်အတွက် သိမ်း
စရာရှိတာများကို သိမ်းရင်း အဝတ်များကို
luggage ထဲသို့ထည့်နေသည်သွင်အဝတ်တေထည့်နေရင်း သွင့်ရဲ့ပန်းချီ
noteထည့်ထားသည့်အိတ်ကိုတွေ့တာကြောင့်
ဖွင့်ကြည့်လိုက်တော့ သွင်ရေးဆွဲထားသည့်
သူမ အိပ်ပျော်နေတုန်းကပုံလေးကိုတွေ့လိုက်
ရသည်သွင်ထိုပုံလေးအားပြုံးကာကြည့်နေမိသည်
သူမဟာ အပြင်မှာတင်ပါမဟုတ်ဘူး သွင့်
ရဲ့ပန်းချီတေထဲမှာပါ လှပစွာရှိနေသည့်
အမျိုးသမီးပဲဟု ကောက်ချက်ချမိသည်
YOU ARE READING
သွင်
Romanceသွင်ပန်းချီကားတေကိုသဘောကျတယ် သို့သော် ပြီးပြည့်စုံတဲ့ပန်းချီကားတချပ်နဲ့ တူတဲ့ ထိုအမျိူးသမီးကို ပိုသဘောကျမိတယ် -ရှိန်းညိုသွင် တို့မင်းရဲ့ အချစ်ကဗျာတေထဲမှာ မနှစ်မြောချင် ဘူး မင်းရဲ့ ကဗျာတေက တခါနှစ်သက်မိရင် ဖြတ်မရတဲ့စီးကရက်တေလို တို့...