Chapter 28
အဲ့ဒီနေ့က ကျော့တို့အိမ်ဝင်ပီးပြန်လာတော့ 8နာရီ
ပင်ကျော်တော့မည်အိမ်ပြန်ရောက်တော့
8ခွဲနေပီ ဟိုအမျိုးသမီးကတော့
ဘာလုပ်နေမည်မသိပါအဲ့တာနှင့်အိမ်ထဲသို့ဝင်သွားပီ ဟိုရှာဒီရှာဖြင့်
တနေရာမှမတွေ့တာကြောင့် အိပ်ခန်းထဲကို
ကြည့်တော့မှ သူမက အိပ်ခန်းထဲရှိ စာကြည့်
စားပွဲတွင် စာထိုင်လုပ်နေသည်သူမစာလုပ်နေရင်းကနေ သွင်တံခါးဖွင့်သံ
ကြားတော့ အနောက်သို့လှည့်ကြည့်ကာ
သွင့်ကိုကြည့်ပီး မျက်မှောင်ကြုတ်ကာ'မင်းဒီနေ့အတန်းချိန်စော" ဆင်းတာကို ဘာလို့အိမ်ပြန်တာ နောက်ကျတာလဲ?'
သွင်ဒီနေ့အတန်းချိန် စော"ဆင်းသည်ကို
ဒီအမျိုးသမီးကိုဘယ်သူတေကများ
ပြောပြလိုက်သည်လဲ ဒါမှမဟုတ်
သူဟာသူသွင့်အတန်းချိန်တေကို
စုံစမ်းထားသည်လားမသိပါ သူမက သွင့်ကို
မကြည်သလိုဖြင့်ကြည့်ရင်း အသံမှာ
အေးဆက်လျက်မေးလာသည်သွင် ဝင်ဝင်ချင်းသူမရဲ့အေးဆက်နေတဲ့အသံကို ကြားလိုက်တော့ ကြက်သီးအနည်းငယ်ထသွားကာ
'အာ.နောက်..နောက်ကျတာက သွင် အပြန်
အိမ်ဝင်နေလို့ရော အဲ့တာပီး ကျော့ဆီလဲ သွားနေရသေးလို့''အော်အင်း...'
ဟုတခွန်းတည်းသာပြောပီး သူ့စာသူပြန်လုပ်နေသည်
သွင်လဲဒီအမျိုးသမီးသွင့်ကိုစိတ်ဆိုးနေပီဆိုတာ
ကိုသိတာကြောင့် သူမစာကြည့်နေသည့်အနား
ကိုသွားလိုက်ပီး စားပွဲခုံဘေးတွင်ရပ်လိုက်ကာသူမမျက်နှာလေးကို ဘေးတစောင်းအနေထား
ဖြင့်ကြည့်ရင်း'မမသွေး...မမသွေးလို့'
တခါခေါ်ပင်မဲ့မထူးတာကြောင့် နောက်တခါ
ထပ်ခေါ်လိုက်မှ'ပြောဘာလဲ'
'သွင့်ကိုစိတ်ဆိုးနေတာလား..ဟင်'
'မင်းကိုတို့ကဘာကိစ္စနဲ့စိတ်ဆိုးရမှာလဲ
ပီးတော့အားတိုင်းစိတ်ဆိုးနေရအောင်တို့က
မင်းလိုကလေးမဟုတ်ဘူး'
YOU ARE READING
သွင်
Romanceသွင်ပန်းချီကားတေကိုသဘောကျတယ် သို့သော် ပြီးပြည့်စုံတဲ့ပန်းချီကားတချပ်နဲ့ တူတဲ့ ထိုအမျိူးသမီးကို ပိုသဘောကျမိတယ် -ရှိန်းညိုသွင် တို့မင်းရဲ့ အချစ်ကဗျာတေထဲမှာ မနှစ်မြောချင် ဘူး မင်းရဲ့ ကဗျာတေက တခါနှစ်သက်မိရင် ဖြတ်မရတဲ့စီးကရက်တေလို တို့...