"မြွေဖြူအားထမ်းကာပြန်လာတဲ့ယောကျာ်းဖြစ်သူကြောင့် ထယ်လီ စိတ်ညစ်ရပြန်တယ်"ရှင်ရယ် ဒီလိုအကောင်တွေဖမ်းမလာလို့မရဘူးလား"
"ဒါမျိုးကောင်က ရှားပါးတယ်ဟကံကောင်းလို့မိတာ"
ထယ်လီ ဘာမှမပြောလိုတော့ပါ။မြွေဖြူအသေကိုသာယူပြီးထုံးစံအတိုင်းမီးဖိုချောင်မှာထုပ်ပိုးနေတယ်
"ထယ်လီ လာပါဦီး အားးးးကယ်ပါဦး"
အိမ်ရှေ့မှယောကျာ်းဖြစ်သူရဲ့ နာကျင်တဲ့အော်သံကြောင့် ပြေးထွက်လာ
"ဘာဖြစ်တာလဲယောကျာ်း ရှင်ဘာလို့အော် အော်"
ယောကျာ်းဖြစ်သူတဖြေးဖြေးနဲ့မြွေဖြူအဖြင့်သို့ပြောင်းလဲနေတဲ့မြင်ကွင်း
"ထယ်လီ ကိုယ် အ့ ကိုယ့်ကိုခွှင့်လွှတ်"
စကားမဆုံးခင်ပင် ခုနကထယ်လီ ထုပ်ပိုးခဲ့တဲ့မြွေဖြူဖြစ်သွားခဲ့ပြီ
"ယောကျာ်း"
"ကမ်င် မိသားစု မင်းတို့မျိုးရိုးတစ်ခုလုံးကို ကျိန်စာတိုက်တယ် မင်းတို့တစ်မျိုးလုံး မြွေရုပ် သွင်ပါလာပါစေ"
စကားဆုံးတာနဲ့မြွေဟာအပြင်သို့ပြေးထွက်သွားတယ်။
"တောင်းပန်ပါတယ် ကျွန်မတို့ကိုကျိန်စာမတိုက်ပါနဲ့"
ထယ်လီပြေးလိုက်တောင်းပန်သော်လည်းမမှီတော့ပါ မြွေဟာတောထဲသို့ရောက်သွားလေပြီ
အိမ်ခြံစည်းရိုးဘေးမှာငိုယိုနေမိတယ် မြွေဖြူပြောသွားတဲ့မြွေသွင်ပါလာပါစေဆိုတဲ့အဓိပ္ပာယ်လည်းနားမလည်ခဲ့ချေ။
ရုတ်တရက်ဆိုသလိုပူလောင်လာတဲ့ခန္ဓာကိုယ်"အာ့ ပူတယ် ဗိုက်ကတစ်ခုခု အ့"
ဗိုက်ကနေ မြွေဖြူလေးတစ်ကောင်ထွက်လာခဲ့တယ်
"အားးမြွေ ငါမြွေကိုမွေးလိုက်တာလား အားးး"
မြွေလေးသည်သေးသေးလေးပင် ထယ်လီ ကြက်သေ သေနေခဲ့သည်။ရုတ်တရက်
"သတ်မှဖြစ်မယ် ငါအဲ့လိုမဖြစ်နိုင်ဘူး ငါကမြွေမွေးတယ်"
အိမ်ထဲကဓားကိုဆွဲယူကာမြွေအားသတ်မည်အလုပ် အရုဏ်တက်ချိန်ရောက်ပြီမို့ နေထွက်ပေါ်လာခဲ့တယ်
နေရဲ့အလင်းရောင် မြွေဖြူပေါ်သို့ကျသွားပြီးမြွေ
ဖြူမှကလေးဖြစ်သို့သွားပြီ