"ဘာ!!!ကိုယ်ဝန်ဟုတ်လားး""ဟုတ်ပါတယ်မင်းကြီးမမလေးမှာမင်းကြီးနဲ့ရတဲ့ကိုယ်ဝန်ရှိနေပါပြီ"
"မဖြစ်နိုင်တာ မင်းသေချာပြီလား" သမားတော်ချွေးပြန်ရတယ်။
"သေ သေချာပါတယ်"
"အရှင်!!!ဘာလဲအရှင်ကဆိုယွန်းကိုလက်မထက်နိုင်ဘူးဆိုတဲ့သဘောလား"
"မဟုတ် ဒါပေမဲ့"
"အရှင် ဆိုယွန်းကယောကျာ်းတကာနဲ့ပလူးနေတာမဟုတ်ဘူး အရှင်သာအဲ့ေန့ကမူးပြီး"
ဂျောင်ဂုဘာမပြောဘဲထွက်လာလိုက်တယ် နန်းဆောင်ရှေ့ပြန်ရောက်တော့ကြားလိုက်ရတဲ့အသံသဲ့သဲ့
"ဟင့်"ကုတင်ပေါ်မှာစောင်ကြီးခြုံကာ ရှိုက်ငိုနေတဲ့ထယ်ပိစိ
"ယောင်းငယ်~~"ခေါ်လိုက်တော့အသံတိတ်သွားတယ်
"နောက်မှလာခဲ့"စောင်ထဲအသံတစ်ခု
"ဟော အဲ့တာဆိုကိုယ်ကဘယ်မှာသွားနေရမှာတုန်း ဒါကိုယ့်နန်းဆောင်လေ"
အဲ့လိုပြောလိုက်တော့ခနငြိမ်ကျသွားတယ်ပြီးတော့စောင်ထဲကထွက်လာကာ
"အဲ့ အဲ့ဆိုထယ်သွားမယ် ဟင့်"
"နေပါဦး" လက်ကောက်ကိုဆွဲကိုင်လိုက်တယ်
"လွှတ်ပေးပါ အင့်ထယ့်ကိုလွှတ်"
ယောင်းငယ်ကိုယ်လုံးလေးကသေးသေးလေးရယ် နဲနဲထပ်ဆွဲလိုက်တော့ ကိုယ့်ပေါင်ပေါ်ထိုင်လျက်သား
"ဟင့် မင်းကြီးကျွန်တော့်ကိုလွှတ်ပေးပါ"
ငိုထားတာမို့မျက်လုံးတွေကနီတွတ်နေတယ်
"အခေါ်ဝေါ်တွေပါပြောင်းလို့ပါလား ပြောပါဦးဘာလို့ငိုတာလဲ"
"ထယ့်မှာစိတ်ဆိုးပိုင်ခွင့်မရှိပါဘူး မမလေးကလဲမင်းကြီးရဲ့....."
"ကိုယ်တကယ်မသိပါဘူး ပြီးတော့.."နှုတ်ခမ်းပေါ်ရောက်လာတဲ့လက်ညိုးးလေး
"ရှူးးးမင်းကြီးရှင်းပြစရာမလိုပါဘူး"
"ဘာဘဲဖြစ်ဖြစ် ယောင်းငယ်ကိုဘဲကိုယ်ကလက်ထက်မှာ"
ဘုရင်တွေကမိဖုရားအများကြီးယူလို့ရတယ်ဆိုပေမဲ့ဂျောင်ဂုအတွက်တော့ယောင်းငယ်တစ်ယောက်သာလက်ထက်ချင်တယ်