သာယာတဲ့မနက်ခင်းတစ်ခု
"အင်းးးအသက်ရှူကြပ်လိုက်တာ"
လွတ်ထွက်မယ့်အလား တင်းကြပ်စွာဖက်ထားတဲ့ဂျောင်ဂု။
"ဟင်းး အင်းး" လှုပ်ရွလာတဲ့ဂျောင်ဂု
"နိုးပြီမလား ထတော့ အသက်ရှုကြပ်တယ်"
"ဟဟ ခနနေပါဦးကွာ ဒီတိုင်းလေးဘဲနေချင်လို့"
ထယ်ယောင်း ဂုတ်ပေါ်မှာအနမ်းခြွေလိုက်တယ်
"ပြွတ်စ် မွေးနေတာဘဲကွာ ပြွတ်"
"အာဘာလို့ လိုက်နမ်းနေတာလဲ ထတော့"
"အင်းအင်းထပြီ" ပါးစပ်ကသာထပြီပြောနေတာ မျက်လုံးတောင်မဖွင့်သေး
"အဟင်းး ဂျွန်!!"
"အာ ထပြီ ထပါပြီဗျာ"
"ဂျွန်ကနိုးရခက်လိုက်တာ" အခုလဲ ကုတင်ပေါ်ကမထသေး ခေါင်းရင်းကိုမှီပြီးမှေးနေသေး
"လာလိုက်ခဲ့" လူကိုရုတ်တရက်ဆွဲခေါ်သွား ရေတူတူချိုးမယ်တဲ့လေ။
မနက်ခင်း ရေစိမ်နေကြတဲ့စုံတွဲ ထယ်ယောင်းမှာ ဂျောင်ဂုရင်ခွင်တွင်မြုပ်လို့
"ယောင်းငယ်အတွက် ဂျီမင်ကိုခေါ်ထားမလား"
"ဘာဖြစ်လို့လဲ ရပါတယ်"
"မရပါဘူး မနေ့ကလိုဖြစ်ရင်ဘယ်လိုလုပ်မလဲ"
"အာ အဲ့တာက ထယ့်အမှားလဲပါပါတယ် ထယ်သာ မစားခဲ့ရင်"
"ဘာဖြစ်ဖြစ် ဘေးမှာစောင့်ရှောက်ဖို့ လူလိုတယ် ပြီးတော့ ယောင်းငယ်မှာ ကလေးနဲ့"
ဗိုက်ကိုပွတ်ကာပြောလာတဲ့ဂျွန်ကြီး
"ဂျွန်ကလဲ ကလေးကအခုမှ ပိစိလေးဘဲသေး"
"ကိုယ်ကစိတ်ပူလို့ပါကွာ"
ဂျောင်ဂု ထယ့်မေးကိုကိုင်ကာ လှည့်စေပြီး အနမ်းခြွေလိုက်တယ်
"ယောင်းငယ် အမေ့ဆီ မနက်ဖြန်ဘဲသွားရအောင်"
"တကယ်လား "
"အင်း တကယ်"
"တာဆို အမေ့ကိုတွေ့ရတော့မှာပေါ့နော် ပျော်လိုက်တာ" ပျော်ရွှင်ကာ ပါးပေါ် လာနမ်းတဲ့ထယ်ယောင်း