"ထယ် ဟိုမှာအဆင်ပြေရဲ့လား"
"ပြေပါတယ်"
"ယောင်းငယ် ပြောလိုက်လေ"
"ထယ်ကြောက်တယ်"
"ဘာတွေပြောနေကြတာလဲ"
"အာ ဘာမဟုတ်ပါဘူးမေ"
"ပြောပါ ဘာဖြစ်လို့လဲထယ်"
"ဟို ဟိုလေ"
ဂရုတစိုက်နားထောင်နေတဲ့အမေ။ဒါမဲ့ထယ်မပြောရဲဘူး
ဂျောင်ဂုထယ့်လက်ကိုဆုပ်ကိုင်လိုက်တယ် ဂျွန်မျက်လုံးတွေက ကိုယ်ရှိတယ်မကြောက်နဲ့လို့ပပြောနေသယောင်။"အမေ ထယ်လက်ထက်တော့မယ်"
"ဘာ!!!"
"ထယ်တို့ သဘောတူပေးပါအမေ"
"ဘယ်သူလဲထယ် ဘယ်ကလဲ ဘယ်သူ့သမီးလေးလဲ အိမ်ခေါ်ခဲ့တာမဟုတ်ဘူး နန်းတော်ထဲကလား"
"နေ နေပါဦးအမေ"
"ထယ့်ချစ်သူက ဂျွန်ပါ" ဂျောင်ဂုလက်ကိုမြှောက်လိုက်ပြီးပြောချလိုက်တဲ့ထယ်။
"ဟမ်"
"ပြီးတော့ ထယ့်မှာကိုယ်ဝန်ရှိနေပြီ" ဖယ်တဆက်တည်းပြောချလိုက်တယ်။
"ဟမ်!!"
"တွေ့ရတာဝမ်းသာပါတယ်အမေ ကျွန်တော့်နာမည် ဂျွန်ဂျောင်ဂုပါ"
ထယ်လီ ဟမ်ကလွဲပြီး ဘာမပြောနိုင်တော့ သူမ ဒီအခြေအနေကိုနားမလည်နိုင်တော့ပါ သူ့သားကယောကျာ်းတစ်ယောက်နဲ့လက်ထက်မယ် ပြီးတော့ ကိုယ်ဝန် ဘာတွေလဲ
ရုတ်တရက်မူးလဲလာတဲ့ခေါင်းးးကြောင့် မေ့လဲမလိုတောင်ဖြစ်သွားရတယ်။"အမေ့ အမေ သတိထားပါဦး" ထယ် အမေဘေးမှာထိုင်လိုက်ပြီး အမေ သတိမမေ့အောင်လုပ်နေရတယ်။
"အမေရော့ ရှူဆေးလေး ရှူလိုက်ဦး"
"အမေရပါတယ် ဒါနဲ့မင်းနာမည်ကဂျွန်ဂျောင်ဂုနော်"
"ဟုတ်ပါတယ်"
"ဘာလို့ ဘုရင်နာမည်နဲ့တူနေရတာလဲ တူအောင်ပေးထားတာလား"
"မဟုတ်ပါဘူး ကျွန်တော်ဘုရင်ဘဲလေ"
"ဟမ်!!!" ထပ်ပြီး မေ့မလဲမလိုဖြစ်သွားရတယ်။
"အမေ့ ရရဲ့လား"
"ထယ်!!ဘာလို့ စောစောကမပြောရတာလဲ မင်းကြီး စိုးရွံ့မိပါတယ် ကျွန်မမသိလို့ပါ"