မှောင်မိုက်တဲ့ညတစ်ည လေပြေတွေကလဲအလိုက်မသိစွာတိုက်ခတ်နေတယ်
ပြေးလွှားနေတဲ့ကောင်လေးတစ်ယောက်နဲ့ စိုးရိပ်တကြီး လိုက်လာနေတဲ့ကောင်လေးတစ်ယောက်"ကျွန်တော်ရောက်ပြီ ပြောစရာရှိတာမြန်မြန်ပြောပါကျွန်တော်အချိန်မရှိတာမို့"
ဘယ်သူကိုမှမတွေ့မြင်ရသေးပေမဲ့ တစ်စုံတစ်ယောက်နားထောင်နေတယ်ဆိုတာသိနေတယ်
"ထွက်လာခဲ့ပါ"
"ဘာတွေအလျင်လိုနေတာလဲမိဖုရားထယ်ယောင်း"
"နင်ကဘယ်သူလဲ"
အသင့်ယူလာတဲ့ဓားမြှောင်ကိုထုတ်ကာမေးလိုက်တယ်
"အိုးးစိတ်လျော့ပါဦး ဘယ်တွေဒီလောက်ကြောက်လန့်နေတာလဲ ငါမင်းကိုလဲမသတ်ဘူး ငါလိုချင်တာရရင်ပေါ့ဟားဟားဟား" ရူးမိုက်နေတဲ့လူပမာအော်ရီနေတယ်
"မေးနေတယ်လေ ဘယ်သူလဲလို့"
"ငါက" ခေါင်းတွင်ခြုံထားသောဝတ်ရုံကိုဖြေချလိုက်တယ် ထိုအခါမှရှင်းလင်းစွာမြင်လာရသောမျက်နှာ
"ဆိုဟွန်းလား"
"သိပ်ဟုတ်တာပေါ့" သစ်ပင်ကိုမှီထားတဲ့သူရဲ့ပုံစံကကြောက်စရာအတိ
နီးကပ်လာနေတဲ့အနောက်ကအသံတစ်ချို့နဲ့အရှေ့ကစိုက်ကြည့်နေတဲ့ဆိုဟွန်း"ယောင်းငယ်" ရင်ထဲမှစူးအောက်သွားတယ် လူတစ်ယောက်ကယောင်းငယ်ရဲ့လည်ပင်းကိုဓားနဲ့ထောက်ထားတယ်
"ဟဟ ဘယ်သူများလဲလို့ရန်သူတော်ကြီးပါလား"
"မလုပ်ပါနဲ့ ခများဘာလိုချင်လို့လဲ"
"ငါလိုချင်လဲဆိုတာမင်းသိပါတယ် ဒူးထောက်လိုက်"
"ဂျွန်မလုပ်နဲ့"
"ပါးစပ်ပိတ်စမ်း" ထယ့်လည်ပင်းကဓားကပိုပြီးနစ်ဝင်လာတယ်
ဂျောင်ဂုဒူးထောက်ချလိုက်တယ်"အမတ်ဆိုဟွန်း ငါတောင်းပန်တယ်ဟုတ်ပြီလား"
"မင်းကြီး ဒီလိုမလုပ်သင့်ပါဘူး" ရဲမက်တွေကဝိုင်းပြောကြတယ်
"ဟက် ယျဉ်ယဉ်ကျေးကျေးေပြာမှပေါ့"
"ကျွန်တော်တောင်းပန်ပါတယ်"