''မောင် ပြန်လာပြီလား''
''အင်း''
မောင်က ဆိုင်ကယ်ဦးထုပ်အစိမ်းလေးကို ခုံပေါ်ပစ်တင်ရင်း ပက်လက်ကုလားထိုင်မှာခြေပစ်လက်ပစ်လှဲချကာ ပြန်ဖြေလာတယ်။
''မောင် ပင်ပန်းနေပြီလား''
''ငါအလုပ် သွားလုပ်တာမှ မဟုတ်တာ ဘာကိုပင်ပန်းရမှာလဲ''
မောင်က မျက်လုံးတွေကို မဖွင့်ပဲပြောတယ်။
''မောင့်ကိုရေပတ်တိုက်ပေးမယ်''
ထိုသို့ပြောတော့ မောင်ကတုန့်ပြန်မှုမရှိခံယူဖို့အသင့်ဖြစ်နေတော့ ရှောင်းကျန့်ပြုံးလိုက်မိတယ်။မောင့်ကိုအရမ်းချစ်တယ်။ မောင့်ကိုပိုင်ဆိုင်ရဖို့ သူအရမ်းကြိုးစားခဲ့ရတာ။
လွန်ခဲ့တဲ့ တစ်လခန့်
မနက်တိုင်း စက်ဘီးစီးလေ့ရှိတဲ့ရှောင်းကျန့်က အဲ့ဒီနေ့ မှာ စကိတ်ကို အရှိန်ပြင်းစီးပြီး သူ့နားက ဖြတ်သွားတဲ့ ကောင်လးကိုသတိထားမိသွားတယ်။ ကောင်လေးက သူ့ကိုတစ်ချက် စွေကြည့်လိုက်တဲ့အခါ ရုတ်တရက်ရင် ခုန်သံတွေ မှားပြီး စက်ဘီးတောင် မှောက်မလိုဖြစ်သွားတယ်။ အဲ့ကောင်လေးက အရမ်းဆွဲဆောင်မှုရှိတယ်။
သူ့အကြောင်းသိချင်လို့ ရှောင်းကျန့် ထိုကောင်လေးအကြောင်းကို စုံစမ်းတော့ စကိတ်စီးတယ်။ဂိမ်းဆော့တယ်။ လမ်းဘေးက ဆိုင်ကယ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်လေ့ရှိတယ်။ အသက်က ၂၀ ရှောင်းကျန့်ထက် ၆ နှစ်တောင်ငယ်တယ်။သူ့နာမည်က ဝမ်ရိပေါ်တဲ့။
-------
''ဟေ့ကောင် ရိပေါ် မင်းကိုအစ်ကိုတစ်ယောက်လာစောင့်နေတယ် မင်းအစ်ကိုလား''''ဘယ်သူလဲ ငါမှာအစ်ကိုမှ မရှိတာ''
''ထွက်ကြည့်လိုက်''
ရိပေါ်ထွက်ကြည့်လိုက်တော့ သူ့ကိုမရဲတရဲကြည့်ပြီး စကားထစ်နေတဲ့ လူတစ်ယောက်။
''ခင်ဗျားဘယ်သူလဲ''
''ငါ ငါ့နာမည်ရှောင်းကျန့်''
''ငါမသိတဲ့လူပဲ''
''ငါ ငါမင်းကိုသဘောကျလို့''
''ဘာ''
ဂိမ်းဆိုင်ထဲက သူငယ်ချင်းတွေက ရိပေါ်ကို လက်ခုက်သြဘာပေးတော့ ရိပေါ်ရုတ်တရက်စိတ်တိုသွားတယ်။ သူခနခန ဖွင့်ပြောခံရပေမယ့် ယောက်ျားလေးဆီက ဒါပထမဆုံးပင်။