Part-4

3.1K 262 3
                                    

''အသီးတွေက ပင်ပန်းတာကိုသက်သာစေတယ်။အဲ့တာကြောင့် ငါသွားဝယ်ခဲ့တာ''

အသီးတွေကို လှီးချွတ်နေရင်း ဝမ်ရိပေါ်ရဲ့ အကြည့်စူးစူးကြောင့် ရှောင်းကျန့် မနေတတ်ဖြစ်လာတယ်။ တလွဲတွေတောင် လှီးမိနေပြီးအယောင်ယောင်အမှားမှား ဖြစ်နေတယ်။ ဝမ်ရိပေါ်က ထိုင်ခုံမှာထိုင်ပြီး သူ့အားစိုက်ကြည့်နေခြင်းဖြစ်တယ်။

''မောင် တစ်ခုခုအလိုမကျတာရှိလို့လား''

''shopping mall ထဲကကောင်ကဘယ်သူလဲ။ ခင်ဗျားထက်ငယ်မယ့်ပုံပဲ။ ဘာလို့သူရိုက်တာကိုငြိမ်ခံနေတာလဲ''

''အဲ့ အဲ့တာ''

''အမှန်မပြောရင် ငါ့အိမ်ကထွက်သွား''

''ပြော ပြောပါမယ်။ သူကငါ့ရဲ့ညီတစ်ဝမ်းကွဲပါ။ ငါကမိသားစုမှာ အမှားတစ်ခုလုပ်ထားတာမို့လို့ အဲ့လိုပဲပြစ်ဒဏ်ခံရတယ်။''

''အဓိပ္ပါယ်မရှိတာ''

''ငါပြောတာ အမှန်တွေပဲ''

''မင်းကအရှုပ်ထုတ်ပဲ''

ရှောင်းကျန့်က ပြုံးလိုက်ပြီးနောက်။

''အသီးစုံ ဖျော်ရည်ရပြီ။ သောက်လိုက်ပါဦး''

သူတိုက်တော့ ဝမ်ရိပေါ်က ကောင်းကောင်းသောက်တယ်။

''ရော့''

''အဲ့တာဘာလဲ''

''ငါလဲ အိမ်မှာထမင်းစားနေတာမဟုတ်လား။ ဈေးဖိုး။''

မောင်ကဈေးဖိုးပေးတယ်ဆိုတော့ သူအရမ်းပျော်ရတယ်။ ယောက်ျားကမိန်းမကိုဈေးဖိုးပေးသလိုမျိုးခံစားရတယ်။ မောင်က ပေါ့ပျက်ပျက်နဲ့ ဘဝကိုနေတယ်ဆိုပေမယ့် လူသားခြင်းစာနာစိတ်အပြည့်ရှိတယ်။ ဒါကြောင့်လဲ သူအခုမောင့်အိမ်ပေါ်ရောက်နေတာပေါ့။

----------

''ရိပေါ် ဒီပြိုင်ပွဲမှာလဲ မင်းသေချာပေါက်နိုင်မှာ''

''အဟက် မလောက်လေးမလောက်စားက လာစိမ်ခေါ်နေတယ်''

''တစ်ခုခုတော့ ထူးဆန်းတယ်နော်။ အဲ့ကောင်လေး ကဆိုင်ကယ်အဲ့လောက်ကျွမ်းတာမဟုတ်ပဲ ကြေးကြီးကြီးနဲ့စိန်ခေါ်တာ''

''အင်း ဟုတ်တယ်''

လမ်းဘေးတစ်နေရာမှာ ဆိုယ်ကယ်ပြိုင်ပွဲကို အားပေးမယ့် လူတွေ လည်းအသင့်ဖြစ်နေသည်။ ပြိုင်ပွဲစရန် ၁၀ မိနစ်လောက်လိုချိန်မှာတော့ ဝမ်းနင်က

မောင်ရှိတဲ့အရပ်သာ**ေမာင္ရွိတဲ႕အရပ္သာ **(Completed )Opowieści tętniące życiem. Odkryj je teraz