''ရိပေါ်''
''ဝမ်းနင်''
''ငါရောက်ရောက်ချင်းမင်းဆီကို တန်းလာတာပဲ။ဒီမှာ ငါ့ညီလေးဝမ်းမင်''
''တော်တော်လေးသက်သာလာပြီပဲ။''
''အင်း ဟုတ်တယ်။ ဒါနဲ့ရှောင်းကျန့်သူ..''
ရိပေါ်မျက်နှာပျက်သွားတာကြောင့် ဝမ်းနင် ရပ်လိုက်တယ်။
''သူမင်းဆီလုံးဝမလာတော့ဘူးလား။ သူ့အဖိုးဆုံး ပြီဆိုတော့လာမယ်ထင်တာ''
''သူလာချင်တိုင်းလာ သွားချင်တိုင်းသွားရအောင် ငါကဇရပ်မဟုတ်ဘူး။''
''ရိပေါ် မင်း ဘာလို့သူနဲ့ပတ်သတ်ပြီးခါးခါးသီးသီးဖြစ်နေတာလဲ။သူကမင်းကို သေလောက်အောင်ချစ်တာ။''
''ဝမ်းနင် မင်းလည်းငါနေသားကျနေတဲ့ ဘဝကို အရောင်လာမရောနဲ့တော့''
''မင်းဘဝထဲလာဖို့ အချိန်ကြာကြီးနှိပ်စက်ခံရတယ်။ မင်းအသက်ကိုကယ်ဖို့ သူအရမ်းချစ်ရတဲ့မင်းအနားကထွက်သွားခဲ့ရတယ်။''
''ဝမ်းနင် မင်းဘာတွေလာပြောနေတာလဲ''
''ငါ့ညီလေး အသက်ရှင်ရတာလဲသူ့ကြောင့်ပဲ''
''မင်းတို့ပေါင်းပြီးငါ့ကိုအရူးမလုပ်နဲ့''
ရိပေါ်က ယောက်ျားကြမ်းကြီးတန်မဲ့မျက်ရည်တွေကျလာပြီးခြေပစ်လက်ပစ် ခုံမှာထိုင်ချလိုက်တယ်။ ရှောင်းကျန့်က အစတည်းကမှ စိတ်ထဲနေရာအပြည့်စိုးမိုးထားတာ။ အစတည်းကမုန်းနေတာမဟုတ်လို့ ချက်ချင်းကို သူ့ရင်ခွင်ထဲပွေ့ဖက်ထားချင်စိတ်တွေ ထိန်းမရဖြစ်လာတယ်။ သူအရမ်းပင်ပန်းခဲ့တာကိုအသုံးမကျတဲ့ဒီလူက မသိခဲ့ဘူး။
''ရိပေါ် သူနဲ့မတွေ့ဖြစ်တော့ဘူးဆိုရင်တောင်သူ့ကိုမမုန်းပါနဲ့''
''မနေ့က လာသွားတယ်။ငါသူ့ကိုမောင်းထုတ်လိုက်မိတယ်။''
''သူ့ကိုထိန်းချုပ်မယ့် သူ့အဖိုးမရှိတော့မင်းဆီ အပြေးရောက်လာပုံပဲ''
ရိပေါ် ဆက်ကနဲထကာ မဲညစ်နေသည့် အဝတ်စားတွေချွတ်ပြီး ရေချိုးခန်းသို့ဝင်လိုက်တယ်။
------
အနုပညာသင်တန်းကျောင်းမှာ ကျောင်းလွှတ်ချိန်ပြီးတော့ ရှောင်းကျန့်ရဲ့အခမဲ့ပန်းချီသင်တန်းလေးရှိတယ်။ တတ်တဲ့လူတွေအတော်လေးများတယ်။ဆရာကချောချောလေးနဲ့ အရမ်းတည်ငြိမ်အေးချမ်းတယ်။ဆရာနဲ့ပန်းချီဆွဲတဲ့အချိန်တွေဆို တခြားကမ္ဘာလေးတစ်ခုကိုရောက်သွားသလိုပဲ။ အဲ့ဒီပန်းချီချိန်လေးကတိတ်ဆိတ်ပြီး အေးချမ်းတယ်။