''သူ့ယောက်ျားဆိုတဲ့ကောင်က ကျွန်တော့်ကိုရိုက်သွားတယ် ဖိုးဖိုး''
ကောင်လေးရဲ့အပြောကြောင့် တိတ်ဆိတ်နေသည့် အခန်းမှ တစ်ဖက်လှည့်ကာ ရပ်နေသည့် အသက်ကြီးကြီး လူတစ်ဦးကလှည့်လာပြီး သူ့ပါးပြင်ပေါ်သို့ လက်ဝါးပြင်းတစ်ချက်ကျလာတယ်။
''အ့ ဖိုးဖိုး''
''မင်းကို ဘယ်သူကဒီလိုလုပ်ခိုင်းလို့လဲ''
''သူကမိသားစုသဘောမကျတာကိုလုပ်တယ်။ အဖိုးစကားနားမထောင်ဘူး။အဲ့တော့ တွေ့ရာနေရာ ဆုံးမပေးတာကျွန်တော့်အမှားလား''
''ဒါမင်းလုပ်ရ မယ့်အလုပ်မဟုတ်ဘူး။ ငါ့အလုပ်ပဲ ကျင်းလီ''
ကျင်းလီ တစ်ယောက်အံကိုကြိတ်ကာ ကျလာမယ့် မျက်ရည်တွေကိုထိန်းရင်းအပြင်ထွက်သွားတယ်။
''ရှောင်းကျန့်က ဘယ်တော့မှ အပြစ်သားမဖြစ်ဘူး။ ပါးစပ်ကသာအပြစ်ရှိတယ်ဆိုပြီး အပြစ်ပေးနေပေမယ့် ဖိုးဖိုးရင်ထဲ မှာအဲ့ဒီရှောင်းကျန့်ကလွဲပြီးရှိမနေခဲ့ဘူး။ အချစ်ဆုံး မြေးကဒီလိုလုပ်ရပ်လုပ်သွားတာကို အနားမှာရှိတဲ့လူတွေဆီပဲ ဒေါသတွေပုံပြီး ပေါက်ကွဲဖြေသိမ့်နေတယ်။ ရှောင်းကျန့်ငါမင်းကိုသိပ်မုန်းတယ်။ ငါဘယ်လောက်ထိ အဖိုးသဘောကျ ကြိုးစားနေပေမယ့် မင်းဖိုးဖိုး လို့ချွဲခေါ်လိုက်တဲ့ အပြုမူကသာ အဖိုးအတွက် စိတ်ကျေနပ်ဆုံးဖြစ်နေခဲ့တယ်။ မုန်းတယ် ဒီအိမ်ကလူတွေအကုန်မုန်းတယ်။''
-------------
''ရိပေါ် လီဝမ် အဲ့ကောင်လေးကမင်းကို အရမ်းတိုက်ခိုက်နေတယ်။''''အင်းသူက ရဲမှူးကြီးရဲ့သား။ အကျင့်ပျက်လေးပါကွာ။ ဆန်ကုန်မြေလေး''
''မင်းကိုဘာလို့တိုက်ခိုက်နေတယ်ထင်လဲ''
''ဒေလီယာကြောင့် ထင်တာပဲ။ အဟက် သူ့ဘာသာ ငါ့ကိုသဘောကျတာ ငါလဲ ဘာတတ်နိုင်မှာလဲ''
''မင်းကလဲ သူမအဖေရဲ့ လက်ဆွဲတော်ဖြစ်နေတာကိုး''
''ဒါအလုပ်သဘောအရပဲလေ Mr Jade နဲ့ငါကအရင်ကတည်းက အတူတွဲလုပ်လာတာကို''
''အဲ့တာကိုက အားသာချက်ဖြစ်နေတာကို''
''ဘာဖြစ်ဖြစ် ဟိုနေ့က ကိစ္စမကျေနပ်ဘူး။''