5 နှစ်ကြာပြီးနောက်။
''ငါမင်းကို လုံးဝအလျှော့မပေးဘူး အစ်ကိုကြီးရှောင်း''
''ကျင်းလီ မင်းနဲ့ငါက ညီအစ်ကိုတွေပဲ။ ဘာဖြစ်လို့မင်းငါ့ကိုနေရာတိုင်းလိုက်ယှဉ်နေတာလဲ''
''ကျွန်တော် ဘယ်လောက်ကြိုးစားကြိုးစား အဖိုးကအသိမှတ်မပြုဘူးလေ။အမှား တစ်စိလေးမှ မရှိတာတောင်ပေါ့''
''အဲ့အတွက် မင်းကိုအားနာပါတယ်။သိတဲ့အတိုင်း အဖိုးကအတ္တသိပ်ကြီးတာ''
''ကိုယ်ချင်းစာချင်ဟန်ဆောင်မနေပါနဲ့။ တစ်ကယ်ကိုယ်ချင်းစာရင် ဒီရွေးကောက်ပွဲကနေထွက်သွားပေးမလား''
ကျင်းလီသိပ်ပြောရခက်တယ်။ သူအမှားလုပ်တာနဲ့အဖိုးက အချိန်မရွေးရိပေါ်ရဲ့အသက်ကိုနှုတ်သွားမှာ။ ကုတင်ပေါ်မှာ လှဲနေရတယ်ဆိုပေမယ့်လည်းပေါ့။ သူ့အပေါ်ပိုင်းလှုပ်နိုင်တယ်။အမိန့်ပေးနိုင်တယ်။ အာဏာရှိသေးတယ်။ အခုတော့သူက သမ္မတဟောင်းပေါ့။ သူ့သဘောအတိုင်း ရှောင်းကျန့်ကို အမက်လောင်းရွေးကောက်ပွဲမှာပါဝင်စေတယ်။ ဒါကိုကျင်းလီကပါ ဝင်ပြိုင်ခဲ့တယ်။ မဲအရေတွက် ကရှောင်းကျန့် ပထမဆုံးသာနေပြီး ကျင်းလီကဒုတိယနေရာ မှာရှိနေတယ်။ ကျင်းလီအပါဝင် တခြားလူတွေက အားကြိုးမာန်တတ်မဲဆွယ်မှု ပြုလုပ်ပေမယ့် ရှောင်းကျန့် မလုပ်ခဲ့ဘူး။ ဒါကိုဘာလို့ မဲများနေလဲမသိဘူး။ဒီအတိုင်းလေးရှုံးသွားရင် အရမ်းကောင်းမှာ ရှောင်းကျန့် အဲ့လိုတွေဝါသနာမပါဘူး။
--------
မေ့ပျောက်ဖို့သာကြိုးစားရတာ တစ်နေ့တစ်နေ့ TV ဖန်သားပြင်က အမက်လောင်းရွေးကောက်ပွဲက တစ်နေကုန်နီးပါးလာနေတယ်။ အမြဲလိုလို ထိုသတင်းနဲ့တိုးရင်TV ကိုပိတ်လိုက်ပေမယ့် ဒီနေ့တော့ အလုပ်တွေသိမ်းပြီးတော့ကို ရိပေါ်ထိုင်ကြည့်ပစ်လိုက်တယ်။ ပြီးတော့ သူချစ်ခဲ့ရတဲ့သူ။ အဲ့လိုပြောရင်မှားလိမ့်မယ် ချစ်နေရဆဲသူ။ အဲ့လူက အရင်ကထက်လူကောင်သေးပြီး မျက်နှာလေးချောင်သွားတယ်။ သူကပဲထွားလာလို့လားမသိဘူး။ ဝပ်ရှော့ဆိုင်ဆိုတော့ သိတဲ့အတိုင်း အလုပ်ကကြမ်းတယ်။ သူ့လက်တွေလည်းအရင်လိုမဟုတ်ပဲ ကြမ်းတမ်းနေပြီး ခန္တာကိုယ်ကလဲ တောင့်တင်းလာတယ်။ သူ့ကိုသတိရတိုင်း သတိရစိတ်ကိုပျောက်အောင် အလုပ်တွေဖိလုပ်တယ်။ အကြမ်းဆုံးအလုပ်မှန်သမျှသူပဲလုက်တယ်။ ဒါကြောင့်လဲဒီ ၅နှစ်အတွင်း အောင်မြင်တဲ့ ကားဘော်ဒီရုံကိုပိုင်ဆိုင်ခဲ့တာ။