မောင့်ရဲ့အိမ်ကတော့လေ မောင်ရဲ့အိမ်လိုပါပဲ တစ်အိမ်လုံးရှုပ်ပွနေတာပါပဲ။ မခမ်းနားတဲ့ တိုက်ခန်း ငယ်လေးဆိုပေမယ့် ရှောင်းကျန့်အတွက်တော့ နတ်ဘုံလေးဖြစ်မယ်ထင်တယ်။ တစ်အိမ်လုံးက ညစ်ပတ်နေတာတွေကိုသူရှင်းလိုက်ပြီးတော့ဈေးသွား ချက်ပြုတ်လုပ်လိုက်တာ ညနေတောင်စောင်းသွားတယ်။
အလုပ်တွေပြီးတော့ သူလန်းသွားအောင် ရေချိုးပစ်လိုက်တယ်။ ရေစက်လေးတချို့ကြောင့် သူ့မျက်နှာလေး အနဲငယ်မဲ့သွားတယ်။
ရေချိုးပြီးတော့ တစ်ကိုယ်လုံးပေါ်မှန်ရှေ့မှာ အပေါ်ပိုင်းကိုချွတ်ပြီး သူသေချာကြည့်ကာ
မောင်နဲ့ အတူနေရဖို့ရင်းနှီးရတာတွေ အရမ်းများခဲ့တာ။ ရှည်လွန်းတဲ့ငရဲခန်းကိုဖြတ်ခဲ့ရသလိုပါပဲ။ ဒါပေမယ့် ဘယ်လိုနာကျင်မှုမျိုးမဆို လက်ခံနိုင်တယ်။ အဓိက မောင့်ကိုပဲလိုအပ်တာမို့။
ရှောင်းကျန့် တွေးနေစဉ် မှန်ထဲမှ ရိပေါ်ကိုမြင်လိုက်ရတော့ တပတ်ကို အမြန် ပြန်အုပ်လိုက်တယ်။
''မောင် ပြန်လာပြီလား။ ထမင်းစားတော့မလား''
ရိပေါ်ကို စုတ်သပ်လိုက်ပြီးနောက်။
''ခင်ဗျားနဲ့အဲ့လိုအခြေနေ နေဖို့ ကျုပ်ဖက်က အဆင်မပြေဘူး''
''ရပါတယ် မောင်အသားကျလာမှ''
''အရမ်းမျှော်လင့်မထားနဲ့ အသားကျဖို့က ဖြစ်နိုင်မယ်မထင်ဘူး''
ရှောင်းကျန့် ခေါင်းလေးသာညိမ့်ပြီး ညစာကို ပြင်ပေးလိုက်တယ်။ မောင်က သူပြင်ထားတဲ့ ညစာကိုတော့ကောင်းကောင်းစားလို့ ကျေနပ်ရပြန်တယ်။
''ဟို အိပ်ခန်းကလေ တစ်ခုပဲရှိတာ။ငါ မောင်နဲ့အတူအိပ်လို့ရမလား''
''ဒီအိမ်ပေါ်ထိရောက်နေပြီပဲ။ ခင်ဗျားစိတ်ကြိုက်တွေပဲ လုပ်နေခဲ့တာမဟုတ်လား။ ခွင့်ပြုချက်လိုသေးလို့လား''
ရိပေါ်က ထိုသို့ပြောပြီး အိပ်ယာပေါ်တတ် လိုက်စဉ်
''ခြေထောက်တွေမဆေးပဲအိပ်ရင် ကျန်းမာရေးထိခိုက်မယ်''
''ငါအိပ်ချင်နေပြီ''
''မောင့် ဘာသာအိပ်လေ။ ''