ရှောင်းကျန့် အလုပ်ကပြန်လာတော့ လက်ဝတ်ရတနာဆိုင်ရှေ့မှာ သူမက်တပ်ရပ်လိုက်တယ်။ဘာရာယ်မဟုတ်ပါဘူး။ အရင်ကဆိုဒီဆိုင်က အသစ်ရောက်သမျှသူဝယ်ပြီးနေပြီ။ အရင်ကအချိန်တွေပြန်ပြီး လိုချင်နေတာလည်းမဟုတ်ပါဘူး။ဒီအတိုင်း ပဲတွေးမိသွားတာ။ မောင့်ကိုရွေးချယ်လိုက်ရလို့ ဘယ်တော့မှနာင်တမရဘူး။ သူအသစ်ရောက်တဲ့ပစ္စည်းလေးကိုတော့ အကျင့်ပါနေသဖြင့်ကြည့်လိုက်တယ်။ ခမ်းရင့်ရောင်ကျောက်လေးနဲ့ လက်စွပ်တော်တော်လှတယ်။ ဒါပေမယ့် သူ့အတွက် အဲ့ဒီလက်ဝတ်ရတနာတွေက ရိုးနေပါပြီ။ အိမ်မှာ မောင်ထမင်းစားဖို့စောင့်နေတော့မယ်။
ရှောင်းကျန့် ထိုနားကခပ်သုတ်သုတ်လေးထွက်လာခဲ့တယ်။
''တီတီ''
ဆိုင်ကယ်သံကြောင့် ရှောင်းကျန့်လှည့်ကြည့်လိုက်တယ်။
''မောင် ဘယ်လိုလုပ်ပြီး။''
''အိမ်လိုက်ပို့ပေးမယ်။ ဒီနေ့ နောက်ကျမယ်။မောင် ဆိုင်ကယ်ပြိုင်ပွဲရှိလို့''
''ဟုတ်လား ဂရုစိုက်ဦးနော်။ဖြစ်နိုင်ရင် အဲ့အလုပ်တွေမလုပ်စေချင်ဘူး''
''ဒါလည်း အသက်အရွယ်လိုက်ပြောင်းလဲသွားလိမ့်မယ်ထင်တယ်။ဒီအသက်ရွယ်မှာတော့ ဒါကိုအရူးမူးဖြစ်နေတယ်''
''ဟုတ်ပါပြီ။မောင်စိတ်ချမ်းသာရင်ပဲ ငါပျော်တယ်''
ရှောင်းကျန့်က ဆိုင်ကယ်ပေါ်တတ်လိုက်ပြီး ရိပေါ်ရဲ့ခါးကိုဖက်တွယ်ထားလိုက်တယ်။
-------------
''ပြိုင်ပွဲက ကြေးလဲများသလို ပြိုင်ပွဲဝင်တွေကလဲ အတော်ဆုံးတွေပဲ ရိပေါ်''
''ဘယ်လိုလဲ Mr ကျွန်တော့်ဘက်ကနေပဲ လောင်းထားတုန်းလား''
''ငါမင်းကိုယုံတယ်။ ဒါနဲ့ခုပွဲမှာ ငါ့သမီးကို မင်းဆိုင်ကယ်နောက်ကလိုက်ခွင့်ပေးရင် မင်းဆုကြေးထက် ၂ ဆငါပေးမယ်''
အမြဲတမ်း ဗျက်ကနဲ ငြင်းတဲ့ရိပေါ်အခုတော့ အနည်းငယ်စဉ်းစားနေတယ်။
''ဒါဆို ကျွန်တော် လိုချင်တာတစ်ခုတောင်းဆိုမယ်။ပိုက်ဆံမယူဘူး''