ရှောင်းကျန့် အိမ်ပြန်ပြီးအနားယူလိုက်ရတယ်။ ရိပေါ်ကတော့ ရှိမနေတော့ဘူး။ သူပြင်ဆင်ပေးတဲ့မနက်စာတော့စားသွားလို့ သူကျေနပ်ရတယ်။ သူ့အရည်အချင်းနဲ့ဆို ဘယ်ကုမ္ပဏီမှာ မဆိုအနိမ့်ဆုံး GM လောက်ရပေမယ့် အဲ့အပိုင်းကလူတွေနဲ့မပတ်သတ်ချင်တာကြောင့် စက်ရုံတစ်ခုမှာသာ မန်နေဂျာဝင်လုပ်တယ်။ တစ်ခါတစ်လေ တွေးမိတယ်။သူကတော့ မောင့်ကိုဘယ်လိုပုံမျိုးနဲ့ဖြစ်ဖြစ်ပိုင်ဆိုင်ရလို့ကျေနပ်ပေမယ့် မောင်ကရော ပျော်ရွှင်ပါ့မလား။ မောင်ပျော်ရွှင်ဖို့တော့မသေချာပေမယ့် အနားရှိနေစဉ်အတွင်းတော့အသေးစိတ်ကအစ ဂရုစိုက်ပြီး မောင့်လိုအပ်ချက်တွေကိုဖြည့်စည်းပေးဖြစ်တယ်။
-------
ထုံးစံအတိုင်း ပြေးလမ်းပေါ်ဝမ်ရိပေါ် ပါလာပြီဆိုမိန်းကလေးတွေ အုန်းအုန်းကျက်ကျက်။ ဝမ်ရိပေါ်ဆိုင်ကယ်အနောက်မှာလည်း ထိုင်လိုက်ချင်သူတွေတစ်ပုံကြီး။ ပြိုင်ပွဲဝင်အားလုံးက မိန်းကလေးတွေကိုယ်စီတင်လာကြပေမယ့် ဝမ်ရိပေါ်ကတော့တစ်ကိုယ်တည်းပင်။ ဒါကတော့ တရားမဝင် လမ်းဘေးကဆိုင်ကယ်ပြိုင်ပွဲတစ်
်ခုသာ။ဝမ်ရိပေါ်ကတော့ အနိုင်ပွဲကိုသာဖန်တီးခဲ့လေတယ်။
''ရိပေါ် ငါတို့ ကိုခေါက်ဆွဲပြုတ်လိုက်မဝယ်ကျွေးတာကြာပြီ''
သူငယ်ချင်းဖြစ်သူဝမ်းနင်ရဲ့စကားကြောင့် ရိပေါ်တစ်ခုတွေးလိုက်တယ်။ အိမ်ရောက်ရင် စားစရာအဆင်သင့်ရှိနေတာကို ခေါက်ဆွဲပြုတ်စားဖို့မှ မလိုတာပဲ။
''ငါခေါက်ဆွဲပြုတ်မစားတော့ဘူး။စားခဲ့တဲ့နှစ်ကလဲ မနည်းတော့ဘူး။ အိမ်မှာပဲစားတော့မယ်''
''အိမ် ဟုတ်သားပဲ မင်းကအိမ်ထောင်ကျပြီးသွားတော့ ချက်ကျွေးမယ့်လူရှိနေပြီကိုး''
''အဲ့လိုမဟုတ်ဘူး။ ငါတို့ကသူငယ်ချင်းဆက်ဆံရေးပဲ။ သူကငါ့အိမ်မှာနေလို့ အိမ်အလုပ်လုပ်ပေးတယ်။ ဒီလောက်ပဲ''
''အာ..ဘာဖြစ်ဖြစ် မင်းအတွက် အဖေါ်ကောင်းပဲ''
''အင်း အာရုံတော့ လိုက်မနောက်ဘူး။မဆိုးပါဘူး''
''အေးပါကွာ ဒါဆိုငါတို့ပြန်ပြီ''
''အင်း''
---------