''ရှေ့လျှောက် ငါတို့ကောင်းတဲ့ဆက်ဆံရေးကိုမျှော်လင့်တယ်။ ငါအစ်ကိုကြီးကို အပြုမူအမှားတွေလုပ်မိခဲ့တယ်''
''ရပါတယ် ငါစိတ်ထဲမရှိပါဘူး။ရှင်းရှင်းပြောရရင်ဘာကိုမှစိတ်ထဲမထားနိုင်တာပါ။ မောင်နဲ့နေရဖို့ကိုပဲအာရုံထဲကြီးစိုးနေခဲ့တာ။ မွေးနေ့မှာပျော်ရွှင်ပါစေကျင်းလီ''
သူတို့ကျင်းလီရဲ့ မွေးနေ့ကိုလာပြီး ဆင်နွှဲနေတာဖြစ်တယ်။ မိသားစုတွေတစ်စုတစ်စည်းထဲရှိနေပြီး စားပွဲအရှည်ကြီးမှာ ဝိုင်းထိုင်နေကြတယ်။ မိသားစုတွေအားလုံးကအထက်တန်းစားတွေဖြစ်တယ်။ ထိုစားပွဲဝိုင်းတစ်ခုလုံးကအရှိန်ဝါတွေတောက်ပလျှက်ရှိနေတယ်။ ဘာပဲပြောပြောရိပေါ်ရဲ့နေထိုင်မှုဘဝနဲ့အရမ်းကွာတာကြောင့် အနေရနဲနဲတော့ခက်တယ်။
တစ်ယောက်နဲ့တစ်ယောက် ဆုံရင်ဆုံသလိုစကားဝိုင်း ကျနေပေမယ့်ရှောင်းကျန့်က ရိပေါ်ပန်းကန်ထဲဟင်းတွေထည့်ရင်းသာအလုပ်ရှုပ်နေတယ်။
''အားကျန့် မိသားစုစုံတုန်းစကားလေးဘာလေးပြောပါလား။ ပြီးရင် သူ့နေရာသူပြန်ကြရတော့မှာ''
''ဟုတ်မား..ခနလေးမောင်က ငါးဟင်းအရမ်းကြိုက်ပေမယ့် ငါးရိုးမနွှင်တတ်လို့''
သူ့ကိုအားလုံးကမနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်တယ်။ ရိပေါ်ကလဲအားနာလာတယ်။
''honey အိမ်ရောက်မှစားမယ်''
''ငါတို့အိမ်က စားဖိုမှုးလက်ရာက အရမ်းကောင်းလို့မောင့်ကိုကျွေးချင်တာ''
''အင်း မောင် သန့်စင်ခန်းသွားဦးမယ်''ရိပေါ်က သန့်စင်ခန်းကိုထသွားတော့ ရှောင်းကျန့် မိသားစုဝင်တွေကိုတစ်ချက်ကြည့်လိုက်တယ်။ အားလုံးကလဲသူ့ကိုကြည့်နေကြတယ်။ ထိုအခါရှောင်းကျန့်လဲ အားနာဟန်ဖြင့်အရိုသေပေးကာ ရိပေါ်နောက်ကိုလိုက်လာခဲ့တယ်။ သန့်စင်ခန်းထဲရောက်တော့ အိပ်သာထဲမဝင်ပဲဘေစင်မှာရပ်နေတဲ့ရိပေါ်ကိုသူတွေ့လိုက်တယ်။
''ငါထင်သားပဲ မောင်တစ်ကယ် အိမ်သာမသွားဘူးဆိုတာ''
''honey ..honey မောင့်ကိုချစ်တာသိတယ်။ဒါပေမယ့် ဒီလိုလူမြင်ကွင်းထိ''