''တစ်လတောင် ပြည့်တော့မယ် လမ်းမလျှောက်နိုင်ဘူးဆိုတာ ယုံစရာကိုမရှိဘူး။ သူ့ခန္တာကိုယ်ကြီးမနေရတဲ့ လူကိုလဲအားနာပါဦး''
''ဘယ်လောက်ပဲ ချစ်လှပါချည်ရဲ့ပြောပြော နောက်ဆုံးတော့ ဇာတိပြလာပြီပဲ။''
''မောင်က တမင်လုပ်နေတာ''
ရှောင်းကျန့်နှုတ်ခမ်းလေးဆူပြီးပြောတယ်။ အခုတစ်လောသူအရမ်းချွဲလာတယ်လို့ရိပေါ်ခံစားမိတယ်။ ဒါကိုပဲ ရိပေါ်ကသဘောကျစွာပြုံးမိလာတယ်။အိမ်ထဲ မှာတစ်လလောက်နားနေရပေမယ့် သူ့ကိုအနိုင်ကျင့်ပြီး ရိပေါ်ပျော်ရွှင်လာတယ်။ဗျစ်တောက်ဗျစ်တောက်နဲ့ နှုတ်ခမ်းကတစ်တောင်လောက်ဆူနေပေမယ့် ခိုင်းသမျှအကုန်လုပ်ပေးတယ်။
''ရေချိုးမယ်လို့ ခင်ဗျား''
ရိပေါ်အသံနည်းနည်းကျယ်တော့ ရှောင်းကျန့် လုပ်လက်စတွေရပ်ပြီး သူ့ခန္တာကိုယ်ကြီးကို လာထူတယ်။ ပြီးနောက်ရေချိုးဇလုံထဲ ဝင်လှဲလိုက်တော့ ရှောင်းကျန့်က ဆပ်ပြာရေဖျော်ပေးတယ်။ ရိပေါ်နည်းနည်းအပျင်းတစ်လာသလားမသိ ရှောင်းကျန့်ရေချိုးပေးတာကိုစောင့်နေမိတယ်။ ရှောင်းကျန့်ကတော့ သူအရမ်းချစ်ရတဲ့တစ်ဦးတည်းသောသူမဟုတ်လား။ နွဲ့ဆိုးလေးဆိုးပြီး ညည်းပြတာကလွဲရင် ရိပေါ်ကို ပြုစုပေးရတာ သဘောကျတယ်။ အပေါ်ပိုင်းတွေကိုသန့်ရှင်းရေးလုပ်ပြီးတော့ ရှောင်းကျန့်ရေချိုးခန်းထဲကထွက်ခဲ့တယ်။ ခြေထောက်မကောင်းသေးဘူးအကြောင်းပြချက်နဲ့ လူကဘယ်တော့မှအောက်ပိုင်းကိုအထိမခံပါဘူး။
''ပြီးပြီ''
အထဲမှ အဲ့လိုလှမ်းခေါ်ရင်ရှောင်းကျန့်ပြေးဝင်သွားရတယ်။ သူကအောက်ပိုင်းကို တပတ်ခပ်ကြီးကြီးဖြင့် ကျကျနနပတ်ထားပြီးဖြစ်တယ်။
မောင့်ကိုကုတင်ထက်မှာသူထိုင်စေလိုက်တယ်။ မိုးကလဲ ချုပ်လုနေပြီဖြစ်ပြီး အပြင်မှာလေတွေလဲ အရမ်းတိုက်နေတယ်။ မုန်တိုင်းသတင်းကလဲ ကြေငြာထားသေးတယ်။ ဒါကြောင့်သူ မောင့်ကိုနွေးမယ့်အဝတ်စားတစ်ခု ပေးဝတ်လိုက်တယ်။ အဝတ်စားဝတ်ပေးနေရင်း ရုတ်တရက် လျှပ်စီးတွေလျှပ်ပြီး မိုးခြိမ်းတော့ မောင့်ရဲ့လက်မောင်းလေးကို ဆုပ်ကိုင်မိသွားတယ်။