အပိုင်း ၁၂ ( U&Z )

379 14 0
                                    

[ Unicode ]

'' မောင်ဒီနေ့ ဂျူတီ ကျတယ်မလား ။ ကေသွယ်က ဒီနေ့နားတယ်နော် ။ စောစောပြန်ခဲ့ ''

ကိုကြီး အင်္ကျီ ကိုသေချာ သေသပ်အောင် ပြုပြင်ပေးနေရင်းက မေးလိုက်သည် ။

ကိုကြီးက မမကေသွယ် နဖူးလေးကို ငုံ့နမ်းရင်း

'' အင်း! ဒါဆို မောင်သွားပြီနော် ''

ကားပေါ်တက်ပြီး မောင်းထွက်သွားသော
ကိုကြီး ။

လှေကားပေါ်ကနေအားလုံးကို ကြားနေရသော ကကြိုး ။

မငိုပါနဲ့ ကကြိုးရယ် ။ ဘာလို့ ငိုနေရတာလဲ ။
ဒီလိုဖြစ်မယ်မှန်း အစကတည်းက နင်သိထားပြီးသားလေ ကကြိုးရယ် ။ ဘာလို့ အခုမှ ငိုနေရတာလဲ ။ နင့်မျက်ရည်တွေမကုန်နိုင်သေးဘူးလား ။ ဟမ်! က​ကြိုး ။

'' ကကြိုး ကျောင်းသွားတော့ မလို့လား ''

ကကြိုး မျက်နှာကို လွှဲလိုက်ပြီး လက်နှစ်ဖက်နဲ့ မျက်ရည်တွေကို သုတ်လိုက်သည် ။

ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ  ပြုံးပြလိုက်သည် ။

'' ဟုတ်တယ် ။ မမကေသွယ် ''

'' မမ မနက်စာပြင်ထားတယ် စားသွားဦးလေ ''

ဒီလိုအခြေအနေနဲ့ ကကြိုး ဘယ်လိုစားနိုင်မှာလဲ မမကေသွယ်ရယ် ။

'' ကကြိုး မဆာလို့ မစားတော့ဘူးနော် ။ ကကြိုး သွားတော့မယ်နော် မမကေသွယ် ''

ကကြိုး ထွက်လာခဲ့သည် ။ အပြုံးလေးတစ်ပွင့်ကို ပန်ဆင်ရင်းနဲ့ပေါ့ ။

ကောင်းကင်ကြီးကို မော့ကြည့်ရင်း တစ်ခုတော့ ပြောမိပါသည် ။

လှပပါစေ ။

ကကြိုး ကျောင်းမသွားပါဘူး ။ ကျောင်းကို သွားပြီးဘာလုပ်ရမှာလဲ ။ ဒီတိုင်း ခြေဦးတည့်ရာလျှောက်သွားမှာပေါ့ ။

ဒီအချိန်ဆို ယွန်းနဲ့လင်းလက် ​ကကြိုး အတွက်စိတ်ပူနေလောက်ပြီ ။ တောင်းပန်ပါတယ် ။ ကကြိုးကြောင့် စိတ်နှောက်အယှက် ဖြစ်သွားရပြီ ။ ကကြိုးက သေသင့်တယ်နော် ။ မိဘတွေကိုလည်း စိတ်ဆင်းရဲအောင်လုပ်တယ် ။ အခုလည်း သူငယ်ချင်းတွေကိုလည်း စိတ်ပူအောင် လုပ်နေမိပြန်ပါပြီ ။

ကကြိုး { Complete }Hikayelerin yaşadığı yer. Şimdi keşfedin