[ Unicode ]
( 1994 ) ခုနှစ်
'' လူစုံပြီလား ''
'' တစ်ယောက်ကျန်ပါသေးတယ် ''
မြင့်မောင် သက်ပြင်းချလိုက်သည် ။
သူ့ဘဝမှာ အချိန်မတိကျတာကို အမုန်းဆုံးပဲ ။
အချိန်နဲ့ဒီရေက လူကိုမစောင့်ဘူးဆိုတဲ့ အတိုင်း အချိန်တိကျမှကြိုက်သည် ။လူတိုင်းက အားယားနေလို့ ထိုင်နေတာမဟုတ်။ အားလုံးက လုပ်ငန်းရှင်၊ ရှယ်ရာရှင်တွေကြီးပဲ။
အရေးကြီးတဲ့ project တစ်ခုကြောင့်သာ အားချင်း အစည်းအဝေးခေါ်လိုက်ရတာ ။ကြားလိုက်ရတဲ့ ဒေါက်ဖိနပ်သံ ။
'' ဟို ကျွန်မတောင်းပန်ပါတယ် ။ မီးပွိုင့် မိနေလို့ပါ ''
သူ့ဘဝမှာ အမုန်းဆုံးက ဆင်ခြေ ။
မြင့်မောင် မော့ကြည့်လိုက်သည် ။ရင်ဖုံးလက်ရှည်နဲ့ ချိတ်လုံချည်ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် ။ ခါးအောက်ပိုင်းထိ ရှည်လျားတဲ့ သူမရဲ့ ပတုံးရောင်ဆံကေသာတွေရဲ့ တစ်ဝက်ကို ဖဲပြားလေးနဲ့ စုချည်ထားပြီး တစ်ဝက်ကို ချထားသည် ။
ဖြူနုနုလက်ကလေးထက်ဝယ် ပတ္တမြား ၊ နီလာနဲ့ ပေါင်းလုပ်ထားတဲ့ လက်စွပ်ကို ဝတ်ဆင်ထားသည် ။ပြုံးလိုက်တိုင်းပေါ်လာတဲ့ သွားတက်ကလေးက ပုရိသတိုင်းကို ရစ်မူးစေသည် ။
သူ့ဘဝတွင် ဤမျှလောက် လှပသည့် အမျိုးသမီးကို မမြင်ဖူးဘူး ။
'' ကျွန်မက ဦးသက်ခ ရဲ့သမီး လေပြည်သွေးပါ ဖေဖေ မအားလို့ ဖေဖေ့ကိုယ်စား အစည်းအဝေး တက်ပေးတာပါ ''
ရှယ်ရာရှင် အားလုံး ခေါင်းညိမ့်လိုက်ကြသည်။ ဦးသက်ခက ကုမ္ပဏီမှာ ဒုတိယရှယ်ရာ အများဆုံးလူဖြစ်နေသည်မလား ။
လူစုံပြီ ဖြစ်တာကြောင့် မြင့်မောင်လည်း အစည်းအဝေးစလိုက်သည် ။
ရှယ်ရာရှင် အများစုရဲ့ ဆုံးဖြတ်ချက်အရ
ဤ project ကို သူနှင့် လေပြည်သွေး ကကိုင်တွယ်ရမည် ။အောင်မြင်လျှင် အကျိုးအမြတ်က ထင်ထားတာထက်ကို အများအပြားရမည် ။ ရှုံးနိမ့်ပါက ကုမ္ပဏီပါ ဒေဝါလီခံလိုက်ရမည်ဖြစ်သလို သူလည်း ခွေးဘဝ ရောက်သွားလိမ့်မည် မဟုတ်ပါလား ။ ထို့အတွက်ကြောင့် သေချာ အကွက်ချစီစဥ်ရမည် ။ ပေါက်ကြားသွားလို့မဖြစ် ။
![](https://img.wattpad.com/cover/335611594-288-k310682.jpg)
VOCÊ ESTÁ LENDO
ကကြိုး { Complete }
Fantasiaကကြိုး ကိုကြီး ကိုချစ်တယ် ။ ကကြိုးသိပ်ပြီး အတ္တကြီးသွားတာလား ။ ဟင်! ကိုကြီး ။ ကကြိုး အချစ်က ကကြိုးကို သတ်နေရင်တောင် ကကြိုး သေရဲတယ် ။ ကကြိုး ဘာတွေများအမှားလုပ်ခဲ့မိလို့လဲ ။ ကကြိုးကို ကိုကြီး ပြန်မချစ်လဲ ဖြစ်ပါတယ် ။ ကကြိုး ကိုတော့ အဝေးမပို့ပါနဲ့ ကိုက...