[ Unicode ]
'' ဒါပေမယ့် ကကြိုးမှာအပြစ်မရှိဘူးလေ ''
မောင်ကထိုင်နေရာကနေမတ်တပ်ရပ်လိုက်သည် ။
'' မောင့်မှာရော ဘာအပြစ်ရှိလို့လဲ ။ မောင်တို့ မိသားစုမှာရော ဘာအပြစ်ရှိလို့လဲ ''
'' မောင် မှားမယ် ။ မောင်အခုလိုတွေလုပ်နေတော့ရော မောင်ပျော်နေလို့လား ။ မောင့် ကိုယ်မောင် ပြန်မေးကြည့် ။ မောင်ပျော်လားလို့ ။
မောင့် နှလုံးသားကိုရော ပြန်မေးကြည့်လိုက် ။ အခုချိန်မှာ နောက်မကျသေးဘူးမောင် ။ အမုန်းတွေကို ချေဖျက်ပစ်လိုက် ။ မောင်သာ တစ်ခွန်းပြောလိုက် မောင့်ပျော်ရွှင်မှုတွေရောက်လာလိမ့်မယ် '''' ဘာမှမေးနေစရာ မလိုဘူး ။ အရာအားလုံးအတွက်မောင်ပျော်တယ် ။ ဟားဟား သူတို့တွေ မောင်တို့မိသားစုလို ခံစားနေရတာတွေ့ရင် မောင်ပျော်တယ် ။ အရမ်းကိုပျော်တယ် ''
'' မောင်လိမ်တာ ။ မောင်က လူတိုင်းကို လိမ်တာအားမရလို့ ကိုယ့်ကိုကိုယ် လိမ်နေတာ ။ ''
'' မောင်မလိမ်ဘူး ။ မောင်အမှန်တိုင်းပြောနေတာ ''
ကေသွယ် မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး မောင့်ကို မော့ကြည့်လိုက်သည် ။ မောင်ကတော့ ကေသွယ့်ကို ကျောခိုင်းပြီး အပြင်ကို ကြည့်နေသည် ။
'' ကကြိုးကို ပြန်ခွင့်ပြုလိုက် ''
'' ဘာ!! "
မောင်က အနောက်ကိုလှည့်လာပြီး ကေသွယ့်ကို စိုက်ကြည့်နေသည် ။
'' ဟုတ်တယ်မောင် ။ ကေသွယ်တို့ လည်း လက်ထပ်တော့မှာပဲ မောင် ကကြိုးကို သူ့အိမ်ကိုပြန်ခွင့်ပြုလိုက်ပါ ။ ''
'' တော်တော့ ကေသွယ် ''
ကေသွယ် မတ်တပ်ရပ်လိုက်သည် ။
'' ရတယ်လေ ။ ဒါဆို ကေသွယ်နဲ့သမီးထွက်သွားမယ် ''
ကေသွယ့်အတွက် ဒီတစ်နည်းပဲရှိသည် ။ ကေသွယ်ဒီလိုလုပ်မှ ကကြိုးကို သူပြန်ပို့ပေးမှာ ။
'' မင်း! မရဘူးကေသွယ်, အခုမင်းကမောင်နဲ့မောင့်သမီးလေးကို ခွဲနေတာလား ''
BẠN ĐANG ĐỌC
ကကြိုး { Complete }
Viễn tưởngကကြိုး ကိုကြီး ကိုချစ်တယ် ။ ကကြိုးသိပ်ပြီး အတ္တကြီးသွားတာလား ။ ဟင်! ကိုကြီး ။ ကကြိုး အချစ်က ကကြိုးကို သတ်နေရင်တောင် ကကြိုး သေရဲတယ် ။ ကကြိုး ဘာတွေများအမှားလုပ်ခဲ့မိလို့လဲ ။ ကကြိုးကို ကိုကြီး ပြန်မချစ်လဲ ဖြစ်ပါတယ် ။ ကကြိုး ကိုတော့ အဝေးမပို့ပါနဲ့ ကိုက...