အပိုင်း ၁၃ ( U&Z )

403 14 0
                                    

[ Unicode ]



'' မင်းဘယ်က ပြန်လာတာလဲ ''

အိမ်ထဲတောင် မဝင်ရသေးဘူး သြရှရှ အသံက စီးလို့ကြိုနေသည် ။ အရင်လို မဟုတ်တော့ပေမယ့် အခုလို မေးပေးလို့ ကကြိုး ပျော်ပါသည်။

'' ကျောင်းက ''

'' မင်းမလိမ်နဲ့ ''

'' ကကြိုး အသက်ရှင်ရက်ပြန်လာပြီမလား ''

ကိုကြီး အတွက် ကကြိုး မသေရင်ပြီးတာပဲမလား ။ မဟုတ်ရင် ကိုကြီး ကလဲ့စားက ဘယ်ထိရောက်ပါ့မလဲ ။

မကြည့်ပါနဲ့ ။ အဲ့အကြည့်တွေက ညှို့ငင်နိုင် လွန်းလို့ပါ ။ ဆေးမိထားသလို ရူးနေပြီ ။ ထပ်ပြီး တော့ မကြည့်ပါနဲ့ မခံစားနိုင်လို့ပါ ။

ကကြိုး အခန်းတံခါး ပိတ်ပြီး အိပ်နေလိုက်သည် ။ တစ်နေ့တာ မောပမ်းသမျှတွေကို အိပ်စက်ခြင်းနဲ့ ဖြေဖျောက်ပစ်မည် ။ အိမ်မက်ဆိုရင် အရမ်းကောင်းမှာပဲ ။

'' ကကြိုး အခုချက်ချင်းတံခါးဖွင့်စမ်း ကကြိုး!ငါပြောနေတယ် ။ အခုချက်ချင်းတံခါးဖွင့်လို့ ''

ကကြိုး အိပ်ရာပေါ်က ထလိုက်ပြီး တံခါးဖွင့်ပေးလိုက်သည် ။

ကကြိုး လက်ထဲကို ထည့်ပေးလိုက်သည်က ထမင်းပန်းကန် ။

'' ကကြိုး မဆာလို့ မစားတော့ဘူး ''

'' အရူးထမနေနဲ့ ။ မင်းကိုကျွေးချင်လွန်းလို့မဟုတ်ဘူး ။ သေသွားမှာစိုးလို့ ။ မင်းသေရင် ငါရှုံးသွားလိမ့်မယ် ။ ဒီတစ်ခါတော့ ငါမရှုံးချင်ဘူး ။ အခုမသေနဲ့ ''

'' ကကြိုး မသေဘူးလို့ ကိုကြီးကို ပြောပြီးပြီလေ ။ မေသဘူး ။ ကိုကြီး ကြိုးဆွဲရာ က တဲ့ ကကြိုးက ကိုကြီးအနားမှာပဲနေမှာ ။ ဘယ်လောက်ပဲ မောင်းထုတ်နေပါစေ အရှက်မရှိကပ်တွယ်နေဦးမှာ ။

အဲ့ဒါ ကိုကြီးကို ချစ်လို့ ။ ချစ်နေမိလို့ ။ အခုလို နေနေတာ ။ အခုလို ရူးမိုက်နေတာ ။ မိုက်ရူးရဲဆန်နေတာ ။ ကလေးဘဝတည်းက ကိုကြီးမှကိုကြီးဖြစ်နေတာ ။ ကိုကြီး မရှိရင်မနေတတ်တဲ့ ကကြိုး နှလုံးသားကိုပဲ မုန်းတယ် ။

အခုချိန်ထိ မနာကျည်းနိုင်တဲ့ ကိုယ့်နှလုံးကိုတောင် မယုံကြည့်နိုင်ဘူး ။ မုန်းတယ် ။ ကကြိုး ကိုယ့်ကိုကိုယ် မုန်းတယ် ။ ကိုကြီး ကိုပဲချစ်မိနေတဲ့ နှလုံးသားကိုလည်း မုန်းတယ် ။ ''

ကကြိုး { Complete }Nơi câu chuyện tồn tại. Hãy khám phá bây giờ