အပိုင်း ၄၁ ( U&Z )

623 13 0
                                    

[ Unicode ]

ဖွား တို့ကအတော်လေးချမ်းသာသည် ။ အိမ်ကြီးက အစနန်းတော်ကြီးသဖွယ် ။ ဇာတ်ကားတွေထဲကလိုပင် ။ King အိမ်တော်ဟာ ဒုတိယအကြီးဆုံးအိမ်ဖြစ်မည် ။ ဖွားတို့အိမ်က အတော်လေးကျယ်သည် ။ ခြံထဲမှာပန်းပေါင်းစုံစိုက်ပျိုးထားသလို ။ ခွေးတွေလည်းအများကြီးမွေးထားသည် ။ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ကကြိုးသိလိုက်ပါသည် ။ ထိုအဖိုးနဲ့အဖွားဟာ မာဖီးယား မောင်နှံဖြစ်သည်ဆိုတာကိုပင် ။ သိသိချင်း လန့်ဖြန့်ပြီးကြောက်သွားပေမယ့် ကိုယ့်ကို သမီးအရင်းလေးတစ်ယောက်လိုစောင့်ရှောက်သည်မို့ သိပ်တော့စိုးရိမ်စရာမရှိ ။

ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဘေးနားမှာ မိန်းကလေးအဖော်တစ်ယောက်အမြဲရှိသည် ။
ကကြိုး စိတ်လေးမိသည် ။ ကိုယ်ဝန်ကြောင့်ပဲလားမသိ ။ ဝမ်းနည်းမိသည် ။ အို..... ဘာကြောင့်ပဲဖြစ်နေပါစေ ကကြိုး ကလေးကို ကကြိုးရအောင်မွေးမှာ ။ ဒီလောက်ထိဒုက္ခခံပြီးနေပြီပဲ ။

SEPTEMBER 13. 2018
ကြာသပတေးနေ့
ည 8:00
တိတိ အချိန်တွင် ချစ်စဖွယ် သမီးလေးတစ်ယောက်ကို ဖွားမြင်ခဲ့သည် ။ ဆေးရုံတွင်မွေးဖွားခဲ့ခြင်းမဟုတ် ။ ဖွားတို့အိမ်တွင်သာ,သားဖွား ဆရာဝန်မလေးကို ပင့်ပြီးမွေးဖွားခဲ့သည် ။

ပုခက်ထဲတွင် အိပ်နေသည့် ချစ်စဖွယ်နီတာရဲကလေးပေါက်စလေးကို ကြည့်ပြီး ကကြိုး ပြုံးမိသည် ။ ကကြိုး ဘဝကြီးအမှောင်ကျနေချိန် သမီးလေးက အလင်းပေးခဲ့သည် ။
ကိုယ့်ကိုကိုယ် အဆုံးစီရင်တော့မည့်အချိန် သမီးရှိနေသည်ဆိုတဲ့စိတ်ကြောင့် အသက်ဆက်ရှင်ခဲ့သည် ။

'' ကလေးမ မြေးလေးကို ဘာနာမည်ပေးမှာလဲကွဲ့ ''

ကကြိုး မျက်နှာလေးညှိုးကျသွားသည် ။
ဖြစ်နိုင်လျှင် သူ,ပဲနာမည်ပေးစေချင်သည် ။
သို့သော်မဖြစ်နိုင် ။ ထို့အတွက်ကြောင့်......

'' ယော.... ''

'' နာမည်လေးနဲ့ လူလေးနဲ့လိုက်ပါ့ကွယ် ''

ယော.....ဟုတ်သည် ။ ကကြိုး သမီးလေးနာမည်က ယော......။

~~~~~~~

'' သမီးလေးရေ.....အားးး ချစ်လိုက်တာကွယ်... ''

'' ကလေးမ အိုကွယ် မလာသေးဘူးလားကွဲ့.. ''

ကကြိုး { Complete }Nơi câu chuyện tồn tại. Hãy khám phá bây giờ