[ Unicode ]
'' ကကြိုး! အဆင်ပြေရဲ့လား နင်ရေခဲမုန့်ကြိုက်တာ ငါသိတယ် ။ နင့်အတွက် အဝစားခွင့်ပေးထားတယ် ''
'' အဲ့လောက်လဲမဟုတ်ပါဘူး ယွန်းလေး လမ်းသိပ်မလျှောက်နဲ့ အားတွေကုန်တယ် ''
'' အဲ သတို့သမီး ရှက်သွားပြီ ''
သဇင်တို့ အဖွဲ့က ဝိုင်းပြောသည် ။
'' ဟာ! ကကြိုး မစနဲ့ဟာ ''
'' မစပါဘူး ဟဲ့! လင်းလက် နင့်ရုပ်က ဘာဖြစ်နေတာလဲ အခုထိ ပွဲမပြီးသေလို့ စိတ်ကောက်နေတာလား ''
လင်းလက်က ဘာမှပြန်မပြောပဲ သူမကိုကြည့်မြဲကြည့်နေတာကြောင့် ကကြိုးလည်း စကားလမ်းကြောင်းလွဲလိုက်သည် ။
'' ယွန်း နင်ကလေးမွေးရင် ငါလာထိန်းပေးမယ် သိလား ''
'' ဟဲ့! ငါနင့်ကို တစ်ခုပြောမယ် ငါတို့တွေ ကလေးမွေးရင် လက်ထပ်ပေးကြရင် မကောင်းဘူးလား ''
ကကြိုး ဘာမှပြန်မပြောနိုင် ။
'' ယွန်း! ဟိုမှာမင်းအမေခေါ်နေတယ် သွားမယ် ''
'' နင်လည်း သဘောတူတယ်မလား ငါက သားလေးမွေးရင် နင်က သမီးလေးမွေး နင့်သမီးလေးဆိုရင် အရမ်းချောမှာ နင့်ကိုကြီးကလည်း မင်းသားရှုံးအောင် ချောတယ်လေ.... ''
'' ယွန်း! မင်းတော်တော့! လာ! ''
'' အ! နင်ဘာဖြစ်နေတာလဲ ''
လင်းလက်က ယွန်းလက်တစ်ဖက်ကို ဆွဲပြီး တခြားသူတွေကို ဧည့်ခံနေသည် ။
သဇင်တို့ကလည်း ဘာမှမပြောပဲ ငြိမ်နေကြသည် ။
ပြိုကျလာတော့မယ့် မျက်ရည်တွေကို မနည်းထိန်းထားလိုက်ရသည် ။
ခေါင်းငုံ့ပြီးသာ ရေခဲမုန့်စားနေလိုက်သည် ။'' ဟို.... ကကြိုးကို ခွင့်ပြုပါဦး ''
ကကြိုး ဒီမှာကြာကြာနေလို့မဖြစ် ။ မဟုတ်ရင် မျက်ရည်တွေက အတိုင်းအဆမသိပြိုကျလာလိမ့်မည် ။
'' က... ကကြိုး ပြန်တော့မလို့လား သဇင်တို့လိုက်ပို့ပေးမယ်လေ ''
'' ရပါတယ် အန်တီတို့ကို နှုတ်ဆက်ပြီး ပြန်တော့မယ် ''
'' အပြင်မှာလည်း မိုးချုပ်နေပြီလေ ကကြိုးတစ်ယောက်တည်းဖြစ်ပါ့မလား ''

BẠN ĐANG ĐỌC
ကကြိုး { Complete }
Viễn tưởngကကြိုး ကိုကြီး ကိုချစ်တယ် ။ ကကြိုးသိပ်ပြီး အတ္တကြီးသွားတာလား ။ ဟင်! ကိုကြီး ။ ကကြိုး အချစ်က ကကြိုးကို သတ်နေရင်တောင် ကကြိုး သေရဲတယ် ။ ကကြိုး ဘာတွေများအမှားလုပ်ခဲ့မိလို့လဲ ။ ကကြိုးကို ကိုကြီး ပြန်မချစ်လဲ ဖြစ်ပါတယ် ။ ကကြိုး ကိုတော့ အဝေးမပို့ပါနဲ့ ကိုက...