[ Unicode ]'' ကိုကြီး ''
ကိုကြီးက ပြုံးပြသည် ။
ကကြိုး ကိုကြီး အခန်းထဲကို
ဝင်သွားလိုက်သည် ။'' ကိုကြီး.... ကကြိုးကို
ချစ်လား ''
ကိုကြီး မဖြေ ။
လိမ်ညာနေရင်တောင်
ကကြိုး ကြားချင်သည်။
ကျေးဇူးပြုပြီး ။
ဖြေပေးပါနော် ။'' ကိုကြီး မင်းကို
ပုံပြင်တစ်ပုဒ်ပြောပြမယ် ''ကကြိုး
ခေါင်းညိမ့်လိုက်သည် ။'' ဟိုးရှေးရှေးတုန်းက..... မင်းသမီးလေးတစ်ပါးရှိတယ် ။ မင်းသမီးလေးက အရမ်းလှပတယ် ။ မင်းသမီးလေးမှာ အဖေ ၊ အမေ ၊ နောက်ပြီး မင်းသမီးလေးကို သိပ်ချစ်တဲ့ မောင်လေးတစ်ယောက်ရှိတယ် ။
တစ်နေ့မှာ မင်းသမီးလေးက
မင်းသားလေးကို ရှာတွေ့သွားတယ် ။
သူတို့က အရမ်းချစ်ကြတယ် ။တစ်နေ့ မင်းသမီးလေး အဆိပ်သောက်ပြီး သတ်သေ သွားခဲ့တယ် ။ မင်းသမီးလေး သိပ်ချစ်တဲ့ မင်းသားလေးက တခြားတစ်ယောက်နဲ့
လက်ထပ်သွားတယ် ။မင်းသမီးလေး သေ သွားတာကို မင်းသားလေးမသိပါဘူး ။ ဘာလို့ဆို မင်းသမီးလေး
သေဆုံးချိန်က မင်းသားလေးရဲ့
မင်္ဂလာပွဲ အခမ်းအနား
ကျင်းပနေချိန်ဖြစ်လို့ပဲ ။
မင်းသမီးလေး ဘာကြောင့်
အဆိပ်သောက်သေရလဲ ။မင်းသမီးလေးမှာ မင်းသားလေးနဲ့ ရတဲ့
ကိုယ်ဝန်ရှိနေတယ်တဲ့ ။ မင်းသမီးလေးရဲ့
စိတ်နဲ့ပဲ မင်းသမီးလေး မိဘနှစ်ပါးက
ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတယ် ။
အရမ်းကို ငယ်သေးတဲ့
မင်းသမီးလေးရဲ့ မောင်လေး ။သူသိပ်ချစ်ရတဲ့ အမဖြစ်သူကို
ဆုံးရှုံးရတဲ့အပြင် ။ မိဘနှစ်ပါးကိုပါထပ်ပြီး
ဆုံးရှုံးလိုက်ရတယ် ။
အဲ့ဒီအချိန်ကနေစပြီး
သူ့စိတ်ထဲမှာ လက်စားချေချင်
စိတ်ပဲရှိတော့တယ် ။
တစ်နေ့မှာ မမျှော်လင့်ထားစွာနဲ့
ရန်သူက သူ့ရှေ့တည့်တည့်ကို
ရောက်လာတယ် ။
သားကောင်ကို လွှတ်ပေးရအောင်
သူကအရူးလား........ '''' အဲ့ဒီ သားကောင်က
ကကြိုးမလား ''ပါးပြင်ပေါ်ကို စီးကျလာတဲ့ မျက်ရည်တွေ ။
မငိုချင်ပါဘူး ။ သို့ပေမယ့် မျက်ရည်တွေက
ကုန်မှမကုန်ခမ်းနိုင်ပဲ ။
![](https://img.wattpad.com/cover/335611594-288-k310682.jpg)
VOUS LISEZ
ကကြိုး { Complete }
Fantasyကကြိုး ကိုကြီး ကိုချစ်တယ် ။ ကကြိုးသိပ်ပြီး အတ္တကြီးသွားတာလား ။ ဟင်! ကိုကြီး ။ ကကြိုး အချစ်က ကကြိုးကို သတ်နေရင်တောင် ကကြိုး သေရဲတယ် ။ ကကြိုး ဘာတွေများအမှားလုပ်ခဲ့မိလို့လဲ ။ ကကြိုးကို ကိုကြီး ပြန်မချစ်လဲ ဖြစ်ပါတယ် ။ ကကြိုး ကိုတော့ အဝေးမပို့ပါနဲ့ ကိုက...