[ Unicode ]
'' ကကြိုး ကိုယ်......... ကိုယ် ကကြိုးကို ချစ်တယ် ''
'' ရှင်! ''
ကကြိုး ဘာပြန်ပြောရမယ်မသိ ။ လင်းလက်နဲ့ ခင်တာကြာပေမယ့် သူ ကကြိုးအပေါ်မှာ ခံစားချက်တွေရှိနေတာကို မသိ ။
ကကြိုး လင်းလက် ခံစားချက်ကို နားလည်ပါသည် ။
ကကြိုး ပြုံးပြလိုက်သည် ။
သူက ကကြိုးကို လေးလေးနက်နက် ကြည့်နေသည် ။'' လင်းလက်! ငါနင့်ခံစားချက်ကို နားလည်ပါတယ် ။ တစ်ဖက်သတ် အချစ်ဆိုတဲ့ အရာက ပင်ပမ်းလွန်းလှတယ် ။ နင်လည်း တစ်နေ့တော့ ငါ့ထက်သာတဲ့ လူတစ်ယောက်နဲ့ ဆုံမှာပါ ။ နင်မကြည့်တတ်လို့နော် အဲ့ဒီလူက နင့်အနားလေးမှာပဲရှိတယ် ။
ငါက နင့်ကို ငါ့လိုခံစားရမှာစိုးလို့ ပြောတာပါ ။
အခုနောက်မကျသေးဘူး လွှတ်ချလိုက်တော့ ။ မဖြစ်နိုင်မှန်းသိတဲ့ အရာတစ်ခုကို ဘာလို့ရင်ကွဲခံပြီး ဆက်လုပ်နေမှာလဲ '''' မင်းကရော ''
ကကြိုး တစ်ချက်ပြုံးလိုက်သည် ။
'' နောက်ကျသွားပြီ ။ လွှတ်ချလို့မရတော့လို့ အဆုံးထိ ဆက်လုပ်နေရတာ ။ နင်က လွှတ်ချလို့ရသေးတယ် ။ ငါ့လို မရူးမိုက်ချင်စမ်းပါနဲ့ဟာ.. နော်! ။ ငါ့သူငယ်ချင်းတွေကို ငါ့လိုမခံစားစေချင်ဘူး ''
တကယ်ပါ ။ ဒီစကားကို ကကြိုး အတည်ပြောတာပါ ။ ကကြိုးခံစားရသလို ကကြိုး သူငယ်ချင်းတွေကို ကကြိုး မခံစားစေချင်ဘူး။
'' ဒါပေမယ့် ကိုယ်မင်းကို ချစ်တယ်လေ ''
'' အချိန်တစ်ခုကြာသွားရင် နင်မေ့သွားမှာပါ ''
'' မမေ့ဘူး ။ ကိုယ်လုံးဝမေ့မှာမဟုတ်ဘူး ကကြိုး မင်းကို သဘောကျခဲ့တာကြာပြီ ကိုယ့်အတွက် အခွင့်အရေးက တကယ်ပဲ မရှိတော့တာလား ''
'' နင့်မှာ အခွင့်အရေးတွေအများကြီးရှိပါတယ်ဟာ.... ။ နင့်ကို တကယ်ချစ်တဲ့ သူနဲ့ တွေ့ဖို့ အခွင့်အရေးလေ ။ အဲ့ကျရင်သာ လက်လွှတ်ဆုံးရှုံးမခံနဲ့... ။ ငါပြောတာနားလည်လား ။ နင့်လက်တစ်ကမ်းမှာပဲ ရှိတဲ့ လူကိုကြည့်စမ်းပါဟာ.... ။ အတွေးတွေများမနေနဲ့ ။ နင်တကယ်ချစ်တဲ့ လူက နင့်ရင်ထဲမှာရှိပြီးသားပဲ လင်းလက် ။ နင်မြင်အောင်ကြည့်.... ။ နင့်ရင်ထဲကို ဝင်ကြည့်လိုက်ဦး ။ ဘယ်သူရှိနေလဲဆိုတာ ''

ВЫ ЧИТАЕТЕ
ကကြိုး { Complete }
Фэнтезиကကြိုး ကိုကြီး ကိုချစ်တယ် ။ ကကြိုးသိပ်ပြီး အတ္တကြီးသွားတာလား ။ ဟင်! ကိုကြီး ။ ကကြိုး အချစ်က ကကြိုးကို သတ်နေရင်တောင် ကကြိုး သေရဲတယ် ။ ကကြိုး ဘာတွေများအမှားလုပ်ခဲ့မိလို့လဲ ။ ကကြိုးကို ကိုကြီး ပြန်မချစ်လဲ ဖြစ်ပါတယ် ။ ကကြိုး ကိုတော့ အဝေးမပို့ပါနဲ့ ကိုက...