Intro

462 45 0
                                    

INTRO

ငါ့ဘဝက အရမ်းကောင်းတယ်လို့တော့ မဆိုသာဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ငါက ငါ့ဘဝငါ ကျေနပ်တယ်လေ။ ကြီးကြီးမားမား ကောင်းမွန်တာတွေလည်း မလာတတ်သလို ကြီးကြီးမားမား ဆိုးရွားတာတွေလည်း မလာတတ်တဲ့အတွက်  ဘဝမှာနေရတာက နေပျော်တယ်လို့ ငါ ခံစားရတယ်။

အင်း...ဟိုဘက်အိမ်က ကျက်သတုံးကောင် မရှိရင် ဘဝက ပိုပိုပြီး နေပျော်လိမ့်မယ် ထင်တယ်။ No No! ငါက လူတွေကို လိုက်မုန်းနေတတ်တဲ့လူမျိုး မဟုတ်ပါဘူး။ ငါကအရမ်းကို အကောင်းမြင်တတ်ပါတယ်နော်။ ဒါပေမဲ့လည်း အဲ့ကျက်သတုံးကောင်ကကျ ဘယ်လိုမှ မေတ္တာထားလို့မရတဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော ကျက်သတုံးပဲ။ ပြောရရင် သူနဲ့ငါနဲ့က ဒီဘဝမှ မုန်းနေကြတယ်လို့တောင် မထင်ရဘူး။ ငါတို့က မမွေးခင် ဟိုး ခုနှစ်ဘဝလောက်ကတည်းက မုန်းလာခဲ့တဲ့ပုံပဲ။ ဥပမာ ရိုမီယိုနဲ့ ဂျူးလိယက်တို့ရဲ့ အဖေတွေလိုပေါ့။ ကမ္ဘာ့သမိုင်းမှာ ရှိခဲ့တဲ့ ရန်သူတွေတိုင်းဟာ ငါတို့နှစ်ယောက် ဝင်စားခဲ့တာများလားလို့တောင် ငါ ရူးကြောင်ကြောင်တွေးမိတဲ့အထိပဲ။

အာ...တော်ပြီ..တော်ပြီ...ပြောရတာနဲ့တင် ကျက်သရေယုတ်တယ်။ အဲ့ဒီ ရွှေအတုရောင်ဆံပင်တွေနဲ့ ဆားငံရည်တွေပြည့်ပြီး ဘာမှသောက်သုံးမကျတဲ့ ပင်လယ်ရောင်မျက်လုံးတွေနဲ့ကောင်အကြောင်းကို ငါ နည်းနည်းလေးမှတောင် ပါးစပ်ထဲကိုထည့်မပြောချင်ပါဘူး။

ဒါပေမဲ့ ငါလည်းဘယ်ထင်ခဲ့မလဲ။ ငါသောက်ရမ်းမုန်းတဲ့ အဲ့ဒီကောင်နဲ့ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားရမဲ့ ဘဝမျိုးကို ရောက်လာမယ်လို့လေ။ ငါတကယ်ကို ဘာမှမတတ်နိုင်ခဲ့ဘူး။ ငါ့ကိုယ်ငါ အတင်းအကြပ်နှစ်သိမ့်ရင်းပဲ သူနဲ့လက်တွဲလိုက်ရတော့တယ်။

အား...။ ငါ ကံကြမ္မာဆိုတာကြီးကို ပထမဆုံးအကြိမ် ဆိုးဆိုးရွားရွားကို မုန်းမိတာပဲ။ သောက်ရမ်းကို မုန်းစရာကောင်းလိုက်တာကွာ။

INTRO

ငါ့ဘဝက အရမ္းေကာင္းတယ္လို႔ေတာ့ မဆိုသာဘူး။ ဒါေပမဲ့ အနည္းဆုံးေတာ့ ငါက ငါ့ဘဝငါ ေက်နပ္တယ္ေလ။ ႀကီးႀကီးမားမား ေကာင္းမြန္တာေတြလည္း မလာတတ္သလို ႀကီးႀကီးမားမား ဆိုး႐ြားတာေတြလည္း မလာတတ္တဲ့အတြက္  ဘဝမွာေနရတာက ေနေပ်ာ္တယ္လို႔ ငါ ခံစားရတယ္။

အင္း...ဟိုဘက္အိမ္က က်က္သတုံးေကာင္ မရွိရင္ ဘဝက ပိုပိုၿပီး ေနေပ်ာ္လိမ့္မယ္ ထင္တယ္။ No No! ငါက လူေတြကို လိုက္မုန္းေနတတ္တဲ့လူမ်ိဳး မဟုတ္ပါဘူး။ ငါကအရမ္းကို အေကာင္းျမင္တတ္ပါတယ္ေနာ္။ ဒါေပမဲ့လည္း အဲ့က်က္သတုံးေကာင္ကက် ဘယ္လိုမွ ေမတၱာထားလို႔မရတဲ့ ကမာၻေပၚက တစ္ဦးတည္းေသာ က်က္သတုံးပဲ။ ေျပာရရင္ သူနဲ႕ငါနဲ႕က ဒီဘဝမွ မုန္းေနၾကတယ္လို႔ေတာင္ မထင္ရဘူး။ ငါတို႔က မေမြးခင္ ဟိုး ခုႏွစ္ဘဝေလာက္ကတည္းက မုန္းလာခဲ့တဲ့ပုံပဲ။ ဥပမာ ရိုမီယိုနဲ႕ ဂ်ဴးလိယက္တို႔ရဲ႕ အေဖေတြလိုေပါ့။ ကမာၻ႔သမိုင္းမွာ ရွိခဲ့တဲ့ ရန္သူေတြတိုင္းဟာ ငါတို႔ႏွစ္ေယာက္ ဝင္စားခဲ့တာမ်ားလားလို႔ေတာင္ ငါ ႐ူးေၾကာင္ေၾကာင္ေတြးမိတဲ့အထိပဲ။

အာ...ေတာ္ၿပီ..ေတာ္ၿပီ...ေျပာရတာနဲ႕တင္ က်က္သေရယုတ္တယ္။ အဲ့ဒီ ေ႐ႊအတုေရာင္ဆံပင္ေတြနဲ႕ ဆားငံရည္ေတြျပည့္ၿပီး ဘာမွေသာက္သုံးမက်တဲ့ ပင္လယ္ေရာင္မ်က္လုံးေတြနဲ႕ေကာင္အေၾကာင္းကို ငါ နည္းနည္းေလးမွေတာင္ ပါးစပ္ထဲကိုထည့္မေျပာခ်င္ပါဘူး။

ဒါေပမဲ့ ငါလည္းဘယ္ထင္ခဲ့မလဲ။ ငါေသာက္ရမ္းမုန္းတဲ့ အဲ့ဒီေကာင္နဲ႕ တစ္ေလွတည္းစီး၊ တစ္ခရီးတည္းသြားရမဲ့ ဘဝမ်ိဳးကို ေရာက္လာမယ္လို႔ေလ။ ငါတကယ္ကို ဘာမွမတတ္နိုင္ခဲ့ဘူး။ ငါ့ကိုယ္ငါ အတင္းအၾကပ္ႏွစ္သိမ့္ရင္းပဲ သူနဲ႕လက္တြဲလိုက္ရေတာ့တယ္။

အား...။ ငါ ကံၾကမၼာဆိုတာႀကီးကို ပထမဆုံးအႀကိမ္ ဆိုးဆိုး႐ြား႐ြားကို မုန္းမိတာပဲ။ ေသာက္ရမ္းကို မုန္းစရာေကာင္းလိုက္တာကြာ။

Days Running From Mummies's HandWhere stories live. Discover now