8

86 25 0
                                    

Unicode

Chapter 8

ကျန်နေခဲ့သည့် လူနှစ်ယောက်မှာ ပြောစရာစကားမရှိသလို ချက်ချင်းတိတ်ဆိတ်သွားကြ၏။ ဖီးလစ်စ်က တိတ်တိတ်လေးပြုံးလိုက်သည်။ ကိစ္စမရှိ။ ရန်သူကို အနီးဆုံးမှာ ထားတာက ပိုပြီး စိတ်ချရသည်ပင်။ စာအုပ်ကိစ္စက အေဒင်ကြောင့် ဟုတ်မဟုတ် မသေချာသေးပေမဲ့ သတိရှိထားတာက ကောင်းလိမ့်မည်။ အနာဂတ်မှာ ဘာဖြစ်မလဲ မသိပေမဲ့ သူ မသေချင်သေးပါ။ သေချာပေါက် အကုန်လုံးပြီးစီးအောင်မြင်သွားတဲ့အခါ တစ်နည်း ဇာတ်ကွက်တွေအကုန် ပြီးသွားသည့်အခါ သူ အိမ်ကို ပြန်ခွင့်ရမည်ဟု ယုံကြည်သည်။ ဒီကြားထဲတော့ သူ တစ်ခုခုဖြစ်လို့မရ။

“လာလေ။ အပေါ်ကို တက်ကြရအောင်။”

အေဒင်က ဘာမှမပြောဘဲ နောက်ကနေ တိတ်ဆိတ်စွာလိုက်လာသည်။ သူ့ပုံစံက ဖီးလစ်စ်ကို သံသယ ဒါမှမဟုတ် တစ်ခုခုတော့ တွေးနေပုံရသည်။ နောက်ပြီး ဖီးလစ်စ် သေချာစဉ်းစားပြီးပြီဖြစ်သည်။ ထူးဆန်းစွာနဲ့ သူ ဒီကို ရောက်လာခဲ့တယ်ဆိုရင်တောင် သူနဲ့ နောက်ဆုံးအချိန်အထိ အတူရှိနေခဲ့သည့် ဟီးလီးယက်စ်ကရော ဘယ်ကမ္ဘာကို လွင့်ထွက်သွားပါသနည်း။ သူ တစ်ယောက်တည်း ရောက်လာဖို့တော့ အကြောင်းမရှိပေ။ အတူတူရှိနေခဲ့တာမို့ သူ ဒီထဲကို ကူးပြောင်းလာရသည်ဆိုလျှင် ဟီးလီးယက်စ်ပါ ကူးပြောင်းလာရလိမ့်မည်။

အလုပ်သမားတွေက ကိစ္စရှိလျှင် လုပ်ပေးဖို့ အရံသင့်ရှိနေကြတာမို့ သိပ်မပင်ပန်းလိုက်ပေ။ လှေကားကို ထမ်းသွားသည့်လူတွေနှင့်၊ ကျောက်အဖုံးကြီးကိုဖွင့်ဖို့ တူရွင်း၊ ဂေါ် စသည်တို့ကို ထမ်းသွားသည့်လူတွေနှင့် ချက်ချင်းပင် အင်အားတောင့်သွားသည်။ ဖီးလစ်စ်ရဲ့ မျက်လုံးစိမ်းစိမ်းလေးတွေဟာ တောက်ပနေပြီး သူ့အရှေ့က အေဒင်ရဲ့ နောက်ကျောပြင်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။

အလုပ်သမားထုကြီး၏ ခြေလှမ်းက သူတို့ထက် သွက်ကြတာမို့ အရှေ့ကို တော်တော်လေးရောက်သွားကြပြီဖြစ်သည်။ ပြောရမည်ဆိုလျှင် အခုအချိန်မှာ ဖီးလစ်နှင့်အေဒင်နှစ်ယောက်ပဲ ရှိနေသလိုမျိုး ဘေးမှာ မလိုလားအပ်သူ တစ်ဦးတစ်ယောက်မှ ရှိမနေ။ ဖီးလစ်စ်ပြုံးလိုက်မိသလို ရင်ဘတ်ကလည်း တဒိန်းဒိန်းခုန်လာသည်။ သူနှုတ်ခမ်းကို လျှာဖြင့်တစ်ချက်သပ်လိုက်ကာ တဝူးဝူးတိုက်နေသည့် လေပူများကြားမှ အရှေ့ကလူကြားအောင် ခပ်ကျယ်ကျယ်လေးခေါ်လိုက်သည်။

Days Running From Mummies's HandWhere stories live. Discover now