4

86 20 0
                                    

Unicode

Chapter 4

ဖီးလစ်(စ်)ဟာ အတော်ကြာအောင် အဖက်ခံလိုက်ရပြီးမှ သူ့ကိုအတင်းဖက်ထားသည့် ကောင်မလေးကို အတင်းခွာထုတ်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မင်း...မင်းက..."

"ဟဲ့!!! ငါလေ!!! မီယာ အယ်(လ်)လန်!!! နင့်သူငယ်ချင်း အရင်းကြီးလေဟာ!!!"

"အမ်...ဟုတ်လား?"

ဖီးလစ်(စ်)လည်း ကောင်မလေးကို သေချာကြည့်လိုက်မိတော့ မျက်ဝန်းညိုညိုလေးတွေနှင့် နီညိုရောင်ဆံနွယ်တွေကို ခပ်ပြေပြေထုံးဖွဲ့ထားကာ Shirtအစင်းကြားလေးနှင့် Jeanကို တွဲဖက်ဝတ်ဆင်ထားပြီး ကောင်းဘွိုင်ဦးထုပ်လေးကို ဆောင်းထားသည့်အတွက် အလွန်ချစ်စရာကောင်းလှသည်။

ဒါ့အပြင် ခန္ဓာကိုယ်ကလည်း အဆီအပိုမရှိ  ချပ်ချပ်ရပ်ရပ်နှင့် အတော့်ကိုလှသည်ဟုလည်း မှတ်ချက်ပေးလိုက်မိသည်။

ဖီးလစ်(စ်)တစ်ယောက် ငမ်းကောင်းကောင်းနဲ့ ငမ်းနေလိုက်တာ မီယာက ဖီးလစ်(စ်)ရဲ့ရှေ့ကို လက်ဝှေ့ယမ်းပြကာမေးမှ သတိဝင်လာရတဲ့အထိပဲ။

"လီယမ်? နင်ဘာဖြစ်နေတာလဲ?"

"အဲ့ဒါပဲ...မမလေး မီယာရေ။ ဆရာ လီယမ်က ခရီးပမ်းလို့ အိပ်ပျော်ပြီး နိုးလာကတည်းက ထူးဆန်းနေတာ။"

တိုဘီကပါ ရွက်ဖျင်တဲထဲဝင်လာကာ ပြောတော့ မီယာကစိတ်ပူသွားသည့်ပုံဖြင့် ဖီးလစ်(စ်)ရဲ့နဖူးကို အသာလှမ်းပြီးစမ်းရင်း

"နင်နေကောင်းရဲ့လား?

"ငါလား? ငါအဆင်ပြေပါတယ်ဟ!!!"

ဖီးလစ်(စ်)လည်း သူ့ကိုသံသယမဝင်သွားအောင် အသာပြုံးပြလိုက်ရင်း ဖြေလိုက်တော့မှ မီယာက စိတ်အေးသည့်ပုံစံဖြင့် သက်ပြင်းချရင်း ပြောလာသည်။

"အဆင်ပြေလည်း ပြီးတာပဲ။ ငါ့မှာတော့ အေဒင့်လိုမျိုး ကြောင်တောင်တောင် ဖြစ်သွားပြီလားလို့လေ။"

"အေဒင်?"

"ငါ့သက်တော်စောင့်လေဟာ။ ကိုင်ရိုမြို့အဝင်မှာ ကားပေါ်ကပြုတ်ကျပြီး အခု ကြောင်တောင်တောင်ဖြစ်နေလို့ ငါက ပြန်ပြုစုနေရတယ်။"

Days Running From Mummies's HandWhere stories live. Discover now