Unicode
Chapter 3
အကောင်းမြင်တတ်သူလေး ဖီးလစ်(စ်) တစ်ယောက် အခုတော့ သူ့ရဲ့ရွက်ဖျင်တဲလေးထဲမှာ စိတ်ဓာတ် အကြီးအကျယ်ကျနေတော့သည်။
A Few Moments Earlier။
သူနိုးလာတော့ သူမသိသည့်နေရာတစ်ခုကို ရောက်နေမှန်းသိပေမဲ့ အိမ်မက်ကိုပဲ ဆက်မက်လိုက်မယ်ဆိုပြီး အကောင်းမြင်ဝါဒနှင့် သူ့ကိုနေ့လယ်စာ စားရန်လာခေါ်သည့် သူနောက်ကိုလိုက်ခဲ့လိုက်ပြီးနောက် နေ့လယ်စာစားရန် ပြင်ဆင်နေချိန်မှာပင် နောက်ထပ်လူတစ်ယောက်က အပြေးအလွှားရောက်လာပြီးနောက် အရေးပေါ်ကိစ္စရှိတယ် ဖီးလစ်(စ်)ကို လက်ညှိုးထိုးပြပြီး လိုက်ခဲ့ပါဟုခေါ်လာ၍ လိုက်သွားလိုက်ရသည်။
လာခေါ်တဲ့လူက အနီးအနားက ပိရမစ်ကြီးဆီ ဦးတည်သွားလို့ ဖီးလစ်(စ်)လည်း ယောင်တောင်တောင်နဲ့ ပါလာလေသည်။ အရေးထဲ နေကလည်း ကျစ်ကျစ်တောက်ပူနေရာ အလျင်စလိုထွက်လာ၍ ဦးထုပ်မဆောင်းလာမိခဲ့သော ဖီးလစ်(စ်)မှာ ခေါင်းပေါ်ကို တည့်တည့်ကျနေတဲ့ နေဒဏ်ကို အလူးအလဲခံစားနေရသည်။
'ကျစ်!! ပူလိုက်တာ...ပူလိုက်တာ။ ခေါင်းတွေပေါက်ထွက်မတတ်ပဲ။ ရှေ့ကလူသွားနေတဲ့ ပိရမစ်ကလည်း အမြင်သာနီးတာ တကယ်တမ်းကျ အမောဆို့အောင် လျှောက်ရပါလား?! သောက်ပိရမစ်ကြီး!!'
အပေါ်ကပူရတဲ့အထဲ အောက်ကသဲပြင်ကလည်း အပေါ်ကနေနဲ့မခြား ပူပြင်းနေတာမလို့ တွေ့တဲ့ခြေညှပ်ဖိနပ် ကောက်စီးလာသည့် ဖီးလစ်(စ်)အဖို့ အပေါ်ကပူ၊ အောက်ကလည်းပူနဲ့ ဒုက္ခများလှသည်။ အရေးထဲ လာခေါ်တဲ့သူက အရေးပေါ်ဆိုပြီး ခပ်မြန်မြန်လျှောက်နေရတာမလို့ ဖီးလစ်(စ်)မှာ ခြေထောက်ပူရတဲ့အထဲ မနည်းမှီအောင် ခုန်ဆွခုန်ဆွနှင့် ပါလာလေရဲ့။
အနောက်က ပါလာသည့် ဖီးလစ်(စ်)ကိုလာနိုးခဲ့သူ ကောင်လေးကတော့ အရှေ့ကခုန်ဆွခုန်ဆွနှင့် သွားနေသည့် သူ့ဆရာဖြစ်သူအား ကြောင်တောင်တောင်နှင့် ကြည့်ရင်း ငါ့ဆရာဘယ်တုန်းက အဲ့လောက်တောင် ကလေးဆန်သွားရတာလဲဟု တွေးပြီး လိုက်လာလေသည်။
ခဏကြာအောင် ခုန်ဆွခုန်ဆွနဲ့ လိုက်ပါခဲ့ရပြီးနောက် ဖီးလစ်(စ်)က ပိရမစ်ကြီးဆီကို အောင်မြင်စွာ ရောက်ရှိလာသည်။ ပိရမစ်ကြီးထဲကို ဝင်လိုက်သည်နှင့် အေးမြသောအရိပ်ကြောင့် ဖီးလစ်(စ်)ဟာ သက်တောင့်သက်သာ ရှိသွားပေမဲ့ ကြာကြာမနားလိုက်ရ။ ပိရမစ်ကြီးအတွင်းထဲကို ပြေးဝင်သွားသည့် ရှေ့ကလူကြောင့် အပြေးလေး လိုက်သွားရသည်။
YOU ARE READING
Days Running From Mummies's Hand
Pertualangan၂၀၂၁တုန်းက Bin နဲ့ တခြားသာသာလေးနှစ်ယောက် ပေါင်းပြီးရေးခဲ့တဲ့ အတိုလေးပါ။ ကြားထဲမအားတာမလို့ဆက်မရေးပဲထားခဲ့တာကနေ Binကပဲအဆုံးထိဆက်ရေးပေးမလို့ပါ။ Updateကတော့ Aprilလလောက်မှ လာပါ့မယ်။ ပစ်ထားတဲ့ရေးလက်စတွေအကုန်ပြန်ကိုင်မှာမလို့ပါ။