ဖီးလစ်စ်ဆီမှရေရွတ်သံကို အေဒင်တစ်ဖြစ်လည်း ဟီးလီးယက်စ်က သေချာကြားလိုက်ပေမဲ့ နားမလည်လို့ထပ်မေးရသည်။
"ဘာတွေ နိုးလာတယ်?"
"မံမီတွေလို့!!! သူတို့နိုးလာပြီ!!!အလုပ်သမားတွေထဲက တစ်ယောက်က သေခြင်းတရားစာအုပ်ကို ဖွင့်ပြီး မံမီတွေကို အသက်သွင်းလိုက်ပြီ!!!"
ဟီးလီးယက်စ်တစ်ယောက် သူ့ကိုမျက်လုံးပြူး မျက်ဆံပြူးနှင့် အော်ပြောလာသည့် ဖီးလစ်စ်ကိုအသာကြည့်လိုက်ပြီး မေးလိုက်သည်။
"မင်း...ခေါင်းတော့မထိသွားပါဘူးမလား?"
"ဟီးလီးယက်စ်!!! ငါနောက်နေတာမဟုတ်ဘူး! မံမီကားတွေ မင်းမကြည့်ဘူးဖူးလား? မံမီကားမှန်သမျှထဲမှာ မံမီတွေနှိုးထလာပြီး လောကကြီးကို ဒုက္ခပေးတာပဲကို မင်းမသိဘူးလား?"
ဖီးလစ်စ်တစ်ယောက် ဟီးလီးယက်စ်ရဲ့ပခုံးကို လှုပ်ယမ်းလိုက်ကာ ပြောပေမဲ့ ဟီးလီးယက်စ်ကမျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် သူ့ကိုသာပြန်ကြည့်နေတာကြောင့် သက်ပြင်းချကာ ဟီးလီးယက်စ်ရဲ့ အပေါ်ကနေ ထရပ်သည်။
ထိုအချိန်မှာ အပြင်ဘက်ကနေ ဂူးဂါး အသံတွေစကြားလာရပြီး ပိရမစ်ကြီးက ထပ်မံလှုပ်ယမ်းသွားပြန်သည်။
"ဂူး!!!ဂါး!!!!"
"ဘာသံတွေလဲ?"
Aidenက ထရပ်ကာဖုန်ခါရင်း မေးလာတော့ ဖီးလစ်စ်သည် မျက်နှာပျက်ယွင်းစွာနဲ့ ဖြေလိုက်သည်။
"မံမီတွေပဲ။"
သူထိုသို့မဖြစ်အောင် ကြိုးစားခဲ့သည်။ အဓိကဗီလိန် Aidenကို သူ့အနားခေါ်ထားကာ မျက်ခြေမပြတ်ကြည့်ခဲ့ပေမဲ့ ဗီလိန်ကောင်အေဒင် ကျက်သရေတုံးကောင် ဟီးလီးယက်စ်ဖြစ်နေသည်။ ဒါဆို ဗီလိန်အစစ်မဟုတ်တော့လို့ နောက်ဗီလိန်တစ်ယောက် ထပ်မံပေါ်ပေါက်လာသလား။အလုပ်သမားတွေထဲက တစ်ယောက်လုပ်လိုက်သည်ကို သူမြင်လိုက်တာကြောင့် သူ့အနားမှာစုဝေးနေသည့် အလုပ်သမားတွေရဲ့ မျက်နှာကို အသေးစိတ်လိုက်ကြည့်ပေမဲ့ မူပျက်နေတာကို လုံးဝမတွေ့။
"ကယ်ကြပါဦး!!!"
မီယာရဲ့ စူးရှသည့်အော်သံကို အပြင်ဘက်က ကြားလိုက်ရ၍ ဖီးလစ်စ်ခါးမတ်သွားကာ အေဒင်(ခေါ်)ဟီးလီးယက်စ်ကို
YOU ARE READING
Days Running From Mummies's Hand
Adventure၂၀၂၁တုန်းက Bin နဲ့ တခြားသာသာလေးနှစ်ယောက် ပေါင်းပြီးရေးခဲ့တဲ့ အတိုလေးပါ။ ကြားထဲမအားတာမလို့ဆက်မရေးပဲထားခဲ့တာကနေ Binကပဲအဆုံးထိဆက်ရေးပေးမလို့ပါ။ Updateကတော့ Aprilလလောက်မှ လာပါ့မယ်။ ပစ်ထားတဲ့ရေးလက်စတွေအကုန်ပြန်ကိုင်မှာမလို့ပါ။