Unicode
အရှေ့အရပ်ဆီမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသော သူရိယနေမင်းကြီးသည် အထပ်မြင့်အဆောက်အဦးများကို ကျော်ဖြတ်ကာ အထက်သို့ တရိပ်ရိပ်နှင့် တက်လာပေသည်။
သို့သော် အလင်းရောင်ပေးခြင်းကိုတော့ အပြည့်အဝ မဆောင်ရွက်နိုင်သေး။
အရုဏ်တက်ချိန် အကျော်သာရှိသေးသည်ကြောင့် လောကတစ်ခွင်သည် အမှောင်ထု၏ လွှမ်းမိုးမှုအောက်တွင်သာ ရှိနေ၏။
အသက် ၁၇ နှစ်ကျော် ကောင်လေးတစ်ယောက်သည်လည်း အိပ်စက်ခြင်းစည်းစိမ်ကို စံစားနေလျက်ရှိသည်။
"ဖီးလစ်(စ်)ရေ!! ဟဲ့...ဖီးလစ်(စ်)!"
အခန်းအပြင်ဖက်မှ မာမီ၏အော်ခေါ်နေသံကြောင့် ဖီးလစ်(စ်)တစ်ယောက် လန့်ပင်နိုးလာရသည်။
"ဖီးလစ်(စ်)ရေ...."
"ဗျာ... မာမီ။ အစောကြီးရှိသေးတာကို။"
ဖီးလစ်(စ်)သည် မျက်လုံးနှစ်ဖက်ကိုပွတ်ပြီး အိပ်ချင်မူးတူးအသံဖြင့် အော်ပြောလိုက်တော့
"နင်ပဲ မနက်ပိုင်း အချိန်ပိုရှိတယ်ဆို။"
မာမီပြောမှ သူသတိရသည်။ ဒီနေ့ဆရာက အားကစားလေ့ကျင့်ဖို့အတွက် အချိန်ပိုခေါ်ထားတာကိုပင်။
ကုတင်ခေါင်းရင်းမှ နာရီကိုလှမ်းကြည့်လိုက်တော့ နာရီလက်တံသည် ၅ နာရီခွဲသို့...။
၆ နာရီဆို အတန်းစမည်ဖြစ်သောကြောင့် အတန်ငယ်ပင် နောက်ကျနေပြီ။
ဖီးလစ်(စ်) အိပ်ချင်နေသည့်စိတ်တို့ပျောက်သွားအောင် ခေါင်းကို ခပ်ဆတ်ဆတ်ခါလိုက်ပြီး အကြောဆန့်ကာ ရေချိုးခန်းသို့ဝင်ရ၏။
ရေချိုးခန်းဝင်နေပြီ ဖြစ်ကြောင်းကို အခန်းရှေ့တွင် ရပ်စောင့်နေသော မာမီသိစေရန် အတွက်လည်း ရေချိုးခန်းတံခါးကို အသံကျယ်အောင် ပိတ်လိုက်သေးသည်။
ဖီးလစ်(စ်)တစ်ယောက် ကျောင်းနောက်ကျနေမှာ စိုးတာကြောင့် ရေကိုခပ်သွက်သွက်ချိုးပြီး အဝတ်အစားလည်းအဆင်ပြေတာသာ ဝတ်လိုက်ရ၏။
အဝတ်အစားလဲပြီး မှန်တင်ခုံရှေ့ရပ်ကာ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖြီးရသေးသည်။
YOU ARE READING
Days Running From Mummies's Hand
Adventure၂၀၂၁တုန်းက Bin နဲ့ တခြားသာသာလေးနှစ်ယောက် ပေါင်းပြီးရေးခဲ့တဲ့ အတိုလေးပါ။ ကြားထဲမအားတာမလို့ဆက်မရေးပဲထားခဲ့တာကနေ Binကပဲအဆုံးထိဆက်ရေးပေးမလို့ပါ။ Updateကတော့ Aprilလလောက်မှ လာပါ့မယ်။ ပစ်ထားတဲ့ရေးလက်စတွေအကုန်ပြန်ကိုင်မှာမလို့ပါ။