7

82 20 0
                                    

Chapter 7

သေချာမသိဟုသာပြောသည်။ အေဒင့်ပုံစံက မရေမရာ။ တစ်ခုခုကို ဖုံးကွယ်ထားသလိုလိုနဲ့ ဒီက ကိစ္စတွေနဲ့ပတ်သတ်ပြီး ဘာမှသိတာလည်း မရှိပေ။ ဖီးလစ်စ်ရင်ထဲက သံသယတွေက ပိုပိုပြီး ကြီးမားလာသည်။ အပြာရောင်မျက်ဝန်း၊ ရွှေရောင်ဆံနွယ်တွေက ပူးတွဲပြီး ရှိနေတာကြောင့် သူသိသည့် တစ်စုံတစ်ယောက်ဆိုတာ ကြာလေ ပိုသေချာလာလေလေ။ အခွင့်သင့်မှ စမ်းသပ်ကြည့်မယ်လို့ တွေးရင်းသာ တိတ်တိတ်လေး မသိချင်ယောင်ဆောင်ထားလိုက်သည်။ အခုက မီယာရော နေသန်ရော ရှိနေသည်။ အဆင်မပြေသေး။

မရင်းနှီးသည့်နေရာပေမို့ ခြေတစ်လှမ်းချင်းစီမှာ သတိထားနေရသည်။ အရှေ့မှာလည်း အတွေးတွေလွန်လို့ သေမလိုဖြစ်တာ အခါခါဆိုတော့ ဖီးလစ်စ် အတွေးမလွန်ရဲတော့။ မျက်စိကိုရှင်ရှင်ထားရင်း ဓာတ်မီးကိုင်ထားတဲ့ လက်အပြင် ခြေထောက်ကိုပါ အာရုံစိုက်ရသေးသည်။ ခန္ဓာကိုယ်တစ်ခုလုံးက သတိတွေ နိုးကြားနေသည်မို့ သူ့ပုံစံက မျက်မှောင်အနည်းငယ်တွန့်လျှက်သားနှင့် အမွှေးတွေထောင်နေသော မျက်လုံးအစိမ်းရောင်ကြောင်လေးနှယ်။

လူမဝင်တာ နှစ်ပေါင်းများစွာကြာပြီဖြစ်လေတော့ မြေကြီးရောင်ပေါက်နေသည့် ကျောက်သားတွေ၊ ဖုန်ထူနေသည့် ကြမ်းပြင်တွေကြောင့် အသက်ရှူပင် မဝချင်။ မီးတုတ်တွေက တစ်ခြားနေရာတွေမှာ ရှိနေပေမဲ့ ဒီအခန်းကျဉ်းထဲမှာ တစ်ခုမှ မရှိတာက သတိထားစရာတစ်ချက်ပင်။ မှောင်မည်းနေသော အခြေအနေက ဓာတ်မီးသာမရှိလျှင် မတွေးဝံ့စရာ။ အထဲကို ဝင်လာလေလေ၊ အပြစ်သားကို ထားသည့်အခန်းဆိုတာ ခြွင်းချက်မရှိ သေချာလာလေလေဖြစ်သည်။ မှောင်မည်းနေသော၊ ကျဉ်းမြောင်းသော၊ စိုစွတ်သော ဤအခန်းငယ်က ကြောက်စရာကောင်းသလို အပြစ်ရှိသလိုခံစားချက်နှင့် ကြက်သီးထစရာ အခြေအနေကို ပေးစွမ်းသည်။

ပင့်ကူမျှင်ထူထူနှင့် မြေပိုးကောင်တို့ကြောင့် လူက တစ်ချက်တစ်ချက် ဆတ်ခနဲဖြစ်သွားရသည်။ သားရေဖိနပ်ဝတ်လာမိသည့်ကိုယ့်ကိုယ်ကိုယ်ပင် ကျေးဇူးတင်ချင်မိသည်။ မဟုတ်လျှင် ဒီအကောင်တွေနှင့် ဘယ်လို နှစ်ပါးသွားရမည်မသိ။

Days Running From Mummies's HandWhere stories live. Discover now